Preview

မြောက်ပိုင်းတိုင်း စစ်တိုင်းမှူးအပါအဝင် အနည်းဆုံး ထိပ်ပိုင်း အရာရှိ (၅)ဦး နေပြည်တော်တွင် ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခံနေရဟုဆို

ဇူလိုင် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :6426
ပြည်တွင်း သတင်း

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) စစ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် မပခ၏ အနည်းဆုံး ထိပ်ပိုင်းအရာရှိ (၅)ဦးကိုစစ်ကောင်စီရုံးချုပ်ရှိရာ နေပြည်တော်သို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးနေကြောင်း တပ်တွင်း သတင်းအရင်းမြစ်က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရသူများသည် မပခ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်၊ဒုတပ်ရင်းမှူး အောင်နိုင်ဦး၊ နယ်လုံဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ဖားကန့်မြို့ အထူးကွပ်ကဲ ရေးတာဝန်ခံတပ်မ (၃၃) တပ်မမှူး ကိုကိုလွင်နှင့် ဂန့်ဒေါင်ယာန်ဒေသ အထူးကွပ်ကဲရေးတာဝန်ခံ တပ်မ (၈၈) မှတပ်မမှူး ဗိုလ်မှူးကြီးစိုးထွဋ်တို့ ဖြစ်ကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်။

စစ်ကောင်စီ၏ရုံးချုပ် နေပြည်တော်မှ ၎င်းတို့အားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့ကကချင်ပြည်နယ် အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်းသိရှိ၇သည်။

“အေး အဲ့ဒါဟုတ်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ စစ်တပ်အသုံးအနှုန်းအရ အကြမ်းဖျင်းအာဏာ ဖီဆန်လို့ပေါ့။ ဘယ်သူတွေပါလဲဆိုတော့ သိထားပြီးလောက်ပြီပေါ့ သတင်းတွေလဲပြန့်နေပြီလေ”ဟု ၎င်းတို့ ဖမ်းဆီးခံရမှုအပေါ်တပ်တွင်း သတင်းအရင်းမြစ် တစ်ဦးက ပြောသည်။

၎င်းတို့သည်ကချင်ပြည်နယ်အတွင်း အထူးစစ်ဆင်ရေးများ ပြုလုပ်ရာတွင် သတင်းပေါက်ကြားမှု၊အမိန့် အာဏာ ဖီဆန်မှု၊ KIO/ KIA နှင့် ပူးပေါင်းလုပ်ကိုင်မှုများကြောင့်ဖမ်းဆီးခေါ်ဆောင် စစ်ဆေးခံ နေရခြင်းဖြစ်ကြောင်းသိရှိ၇သည်။

ဗိုလ်ချုပ်ကိုကိုမောင်သည်မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) တိုင်းမှူးနေ ရာမှ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က မပခ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခံခဲ့၇သူ ဖြစ်သည်။ (NN– 25)

ဓာတ်ပုံ - မပခ တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင် (လူမှုကွန်ယက်)

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.