ရခိုင်လူမျိုးသိပ္ပံပညာရှင် ဒေါက်တာစောဝေလှခေါင်းဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့က ကမ္ဘာ့ပထမဆုံးအက်တမ်တစ်လုံးချင်းစီ၏ X Ray ပုံရိပ်ကို ရယူနိုင်သည့်နည်းပညာအသစ်အားရှာဖွေတွေ့ရှိပြီဟု မြန်မာနိုင်ငံ နက္ခတ္တဗေဒနှင့်သိပ္ပံဝါသနာရှင်များအသင်း(Myanmar Astronomy and Science EnthusiastsSociety-MASES)ကထုတ်ပြန်သည်။
ဒေါက်တာစောဝေလှခေါင်းဆောင်ပါဝင်
“လက်ရှိကုသရန်ခက်ခဲသော ရောဂါများအတွက်ကုသနည်း အသစ်တွေ ရှာဖွေလာနိုင်တော့မှာဖြစ်ပြီး လူသားမျိုးနွယ်အတွက်ကြီးမားတဲ့ အထောက်အပံ့ ဖြစ်စေလာမှာဖြစ်ပါတယ်”ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
X Ray ကို ၁၈၉၅ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်မှအစပြု၍နှစ်ပေါင်းများစွာကြာအောင် X Ray အား အသုံးပြုလိုပါကအက်တမ်အမြောက်အမြားပါရှိသည့် အရာတ္ထုများကိုသာ စူးစမ်းအသုံးပြုနိုင်ခဲ့ကြသည်ဟုသိ၇သည်။
ယင်းကြောင့် အက်တမ်အနည်းငယ်စီကိုX Ray အသုံးပြုစူးစမ်းနိုင်ရန်အတွက် သိပ္ပံပညာရှင်များကကြိုးစားလာခဲ့ကြသည်မှာ နှစ်ကာလ အတော်ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ယခုမှဒေါက်တာစောဝေလှခေါင်းဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့ကကမ္ဘာ့ပထမဆုံးရှာဖွေတွေ့ရှိခြင်
ယခုတွေ့ရှိမှုကိုလုပ်ဆောင်သည့်သိပ္ပံပညာရှင်အဖွဲ့တွင် မြန်မာလူမျိုး ၂ ဦးပါဝင်သည်ဟုလည်း သိရသည်။
သူတို့မှာအဖွဲ့ခေါင်းဆောင်ဖြစ်သည့် အိုဟိုင်းအိုတက္ကသိုလ်မှ ရူပဗေဒနှင့် နက္ခတ္တဗေဒပညာဌာန၏ ပရော်ဖက်ဆာတစ်
Photo – MASES