Preview

အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် လမ်းသွားလမ်းလာ ကားများ ရပ်တန့်ပြီး ဟွန်းတီးရန် စစ်ကောင်စီ အမိန့် ထုတ်

ဇူလိုင် ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :1051
ပြည်တွင်း သတင်း

ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြင့် လမ်းသွား လမ်းလာ ကားများ အားလုံးရပ်တန့်ပြီး ဟွန်းတီးရန် စစ်ကောင်စီက အမိန့်ထုတ် ညွန်ကြားထား ကြောင်း သိရှိ၇ သည်။


“ရုံးတိုင်းကို စာထုတ်ပြီး ညွန်ကြားထားတာပါ။ NLD လက်ထက်ကတော့ ပြောစရာကို မလိုခဲ့တာ ပြည်သူတွေက။ အခု ကျနော်တို့ စကစ ကတော့ ဘာလုပ်လုပ် ပြည်သူပါဝင်ဖို့ကိုရုံးတွေကို စာထုတ်ပြီး လိုက်လုပ်ခိုင်းနေရတာ” ဟု လက်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။


နက်ဖြန်ကျရောက်မည့် အာဇာနည့်နေသည့် (၇၆)နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပြီး အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲ အလေးပြုခြင်းများ ပြုလုပ်လေ့ရှိသည်။


အစိုးရရုံးများတွင် နိုင်ငံတော်အလံ တစ်ဝက်လွှင့်ထူခြင်းများ၊ လမ်းသွားလမ်းလာများ တစ်မိနစ် ငြိမ်သက်မှု ပြုလုပ်ကာ အလေးပြုလေ့ရှိကြောင်း သိရှိ၇သည်။


ရန်ကုန်မြို့ ၊ ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရှိ အာဇာနည် ဗိမာန်တွင် ကျဆုံးအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနိုင်ရန်လည်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာဖြင့် ပြုလုပ်နေကြောင်း သိရှိ၇သည်။


“မနက်က လုံခြုံရေးတော်တော်များတယ်။ လမ်းဘေးနှစ်ဘက်အပြည့်ပဲ အများကြီးပဲပြောရမလားပေါ့။ ကားမောင်းရင်း ဘာဖြစ်လဲ မသိဘူးထင်နေတာ ပြီးမှ နက်ဖြန်အတွက်ဆိုတာ သတိထားမိတာ”ဟု တက္ကစီယာဉ် မောင်း တစ်ဦးက ပြောသည်။


အာဇာနည်ဗိမာန်အတွင်း လာရောက် အလေးပြုမည့်သူများအနေဖြင့် ဘောပင်၊ လက်ကိုင်ဖုန်း၊ အလံ၊ လက်ကိုင်အိတ် ၊ ကင်မရာ၊ မီးခြစ်၊ ပန်းခြင်း၊ ပန်းစည်း၊ ပန်းခွေ၊ ဗီနိုင်းအမျိုးမျိုး၊ ပုလင်း၊ ဗူး၊ တုတ်/ကော်ပိုက်/သံပိုက် (အလံကိုင်ဆောင်ရာတွင် အသုံးပြုနိုင်သည့်ပစ္စည်း) များအား ထားမြစ်ထားကြောင်း သိရှိ၇သည်။ (NN -25)
ဓာတ်ပုံ - အာဇာနည်နေ့ အထိမ်းအမှတ် (လူမှုကွန်ရက်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.