စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်အထိမြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ၁ ဒသမ ၉ သန်းကျော်ရှိလာခဲ့ရာ ယင်းအထဲမှ လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးသည် ပဋိပက္ခနှင့်မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြ၇သူများဖြစ်ကြောင်းUNOCHA-Myanmar ၏ ဩဂုတ်လ ၁၀ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဖြစ်ပွားဆဲ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဆိုးဝါးတဲ့ရာသီဥတုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ စဉ်ဆက်မပြတ်ဖြစ်နေသလိုလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေလည်း မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ဘက်၊ ကချင်နဲ့၇ခိုင်ပြည်နယ်တွေမှာ ဆက်လက်မြင့်တက်နေပါတယ်"ဟုလည်းဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ (၃) ရက်မှစ၍ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်တပ်ကဝင်ရောက်ခဲ့မှုများကြောင့် ကျေးရွာသား ၅၀၀ ခန့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့၇သည့်အပြင်စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ဇူလိုင်လနှောင်းပိုင်းမှစတင်ဖြစ်ပွားသည့်တိုက်ပွဲများကြောင့်လူ ၉,၀၀၀ ကျော်နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့၇သည်ဟုထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တနင်္သာရီတိုင်းဒေသကြီးများတွင် လက်နက်ကြီးနှင့်မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီးကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုး၇ခေါင်းဆောင်များနှင့်အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးထောင်ချခဲ့သည့်အာဏာသိမ်းစစ်တပ်သည် တည်ငြိမ်မှုမရှိဟုဆိုကာလေးကြိမ်မြောက်အဖြစ် နောက်ထပ် အရေးပေါ်ကာလကို ၆ လထပ်တိုးယူထားသည်။
စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်းပဋိပက္ခများကြောင့် လူတစ်သန်းခွဲကျော် အိုးအိမ်မဲ့ဖြစ်ကြ၇ပြီးကလေးငယ် ငါးသိန်းကျော်သည်လူသားချင်းစာနာမှုအကူအညီ အရေးတကြီးလိုအပ်နေကြောင်းကုလသမဂ္ဂက ခန့်မှန်းထားသည်ဟု သိ၇သည်။
ဓာတ်ပုံ - သြဂုတ်လ ၉ ရက်ကစစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာအချို့သို့ စစ်ကြောင်းဝင်ရောက်လာ၍ထွက်ပြေးနေရသည့်ဒေသခံများအား တွေ့၇စဉ်။ (Photo - ခင်ဦးသတင်းမှန်ပြန်ကြားရေး)