Preview

လက်နက်ဖိုးဖြည့်ပေးနေသည့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ မသုံးစွဲရန် NUG မေတ္တာရပ်ခံ

သြဂုတ် ၁၅/ ၂၀၂၃ | ကြည့်ရှုသူ :1041
ပြည်တွင်း သတင်း

စစ်တပ်၏ လက်နက်ဖိုးဖြည့်ပေးနေသည့် ကုန်ပစ္စည်းများအားမိဘပြည်သူများ အနေဖြင့် မသုံးစွဲကြရန် အမျိုးသားညီညွတ်အရေးစိုး၇(NUG)က ယနေ့ သြဂုတ်လ ၁၄ ရက်တွင် မေတ္တာရပ်ခံလိုက်သည်။

“တပ်ပိုင်ကုန်စည်အမျိုးအစားအနေနဲ့ဆို ဒီကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။ ဒါ့ကြောင့် ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ရမယ်”ဟု NUG ၏ မေတ္တာရပ်ခံချက်တွင်ဖော်ပြထားသည်။

ပြည်သူများ မသုံးစွဲရန် မေတ္တာရပ်ခံထားသည့် စစ်တပ်ပိုင် အရက် ဘီယာအချိုရည် အမှတ်တံဆိပ်များတွင် မြန်မာဘီယာ (Myanmar Beer)၊အတ်(ထ)မန် တံဆိပ် အရက်/ ဘီယာ၊ အချိုရည် (Andaman Gold)၊ ဒဂုံတံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၊ မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)နှင့် အာမီရမ် (Army Rum)တို့ ပါဝင်သည်။

ရန်ကုန် ဒေသခံတစ်ဦးက “ဒါက အခုမှ မဟုတ်ပါဘူး။တော်လှန်ရေးကြီး စကတည်းက မသုံးစွဲဖို့ စစ်အာဏာရှင် ဖြုတ်ချရေးမှာတစ်ထောင့်တစ်နေရာက ဒါတွေမသုံးဘဲ ပါဝင်နိုင်တာပဲလေ”ဟု ပြောသည်။

 ၎င်းအပြင် Red Ruby စီးကရက်နှင့် PremiumGold စီးကရက်များကိုလည်း သုံးစွဲမှုမပြုဘဲ တပ်ပိုင်ကုန်စည်များ၏လက်ရှိ (စုစုပေါင်း) ရောင်းအား ၇၀ ရာနှုန်းအထိ ထိုးကျသွားရန် ဦးတည်ကြမည်ဟု NUGက ပြောဆိုထားသည်။

အချိန် (၂)လအတွင်း စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ကုန်စည်နှင့် ဝန်ဆောင်မှုများအား ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ပြီး စစ်တပ်၏ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနှင့် ဖြတ်တောက်ရိုက်ချိုးပစ်မည်ဟု NUG က ထုတ်ပြန်ပြောဆိုထားသေးသည်။ 

ဓာတ်ပုံ - စစ်တပ်ထုတ်ကုန်များ (NUG)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.