Preview

လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဝေဖန် ပြောဆိုခဲ့သည့် ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီက ထောင် နှစ် ၂၀ ချမှတ်

သြဂုတ် ၂၄/ ၂၀၂၃ | ကြည့်ရှုသူ :1296
ပြည်တွင်း သတင်း

လျှပ်စစ်မီး ပြတ်တောက်မှုအပေါ်ဝေဖန် ပြောဆိုခဲ့သည့်ဟစ်ဟော့ပ်အဆိုတော် ဗျူဟာကို စစ်ကောင်စီ အင်းစိန်ထောင်တွင်း စစ်ခုံရုံးက သြဂုတ်လ ၂၃ရက်တွင် ထောင် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ၎င်း၏ မိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။

၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ချစ်ကြင်က “ငါ့မိန်းမလေး နေမကောင်းဖြစ်နေတာပဲ။ အနားမှာပဲနေပြီး ဂရုစိုက်ပေးမယ်ဆိုပြီး အခုတော့နှစ် ၂၀ တဲ့လား ဘာများလုပ်မိလို့ပါလဲ” ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

 ဗျူဟာသည် လျှပ်စစ်မီးပြတ်တောက်မှုအပေါ် အရပ်သားအစိုးရလက်ထက်နှင့် စစ်ကောင်စီ လက်ထက် နှိုင်းယှဥ်ဝေဖန်ပြောဆိုမှုကို ၎င်း၏ လူမှုကွန်ရက်စာမျက်မှ မေလ ၂၃ရက်၊ ညပိုင်းက Live ထုတ်လွှင့်ခဲ့ကြောင်း သိ၇သည်။

ထိုကဲ့သို့ Live ထုတ်လွှင့်ခဲ့မှုကြောင့်မေလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၈ ရပ်ကွက်ရှိ ဗထူးအိမ်ရာ ၂ တွင် စစ်ကောင်စီ၏လာရောက်ဖမ်းဆီးခြင်း ခံခဲ့၇သည်။

စစ်ကောင်စီက ၎င်းအား နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ပြီးနိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄ (က)ဖြင့်လည်း ဆက်စပ်တရားစွဲဆိုထားခဲ့ကြောင်း သိ၇သည်။

ဗျူဟာနှင့် နီးစပ်သူတစ်ဦးက “နှစ် ၂၀ချလိုက်တယ်တဲ့ဗျာ။ သူတို့လုပ်ချင်သလိုလုပ်တဲ့သဘောပါ။ သူတို့ခေတ်ဆိုတော့ သူတို့လုပ်တာပေါ့။ဝေဖန်ပြောဆိုတာကလည်း ဟုတ်တာကိုး။ ဟုတ်လို့ ပြောတာလေ။ မဟုတ်တာကို ဟုတ်တယ်လို့ပြောတာမှ မဟုတ်တာ”ဟု ပြောသည်။

မြောက်ဒဂုံမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ်သတ်မှတ်ထားပြီးအင်းစိန်ထောင်တွင်း စစ်ခုံရုံးက ဗျူဟာကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 လက်ရှိတွင် အဆိုတော် ဗျူဟာနှင့် မိသားစုဝင်များ (ထောင်ဝင်စာ)တွေ့ဆုံနိုင်မှုမရရှိသေးကြောင်း သိ၇သည်။ 

 

ဓာတ်ပုံ - အဆိုတော် ဗျူဟာ (လူမှုကွန်ရက်)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.