မြန်မာနိုင်ငံရှိ အရှေ့တီမောသံရုံးမှယာယီသံရုံးတာဝန်ခံအား စက်တင်ဘာလ ၁ ရက်မတိုင်မီ မြန်မာနိုင်ငံမှထွက်ခွာရန်အသိပေးအကြောင်းကြားထားသည်ဟု မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါအသိပေးအကြောင်းကြားစာကို သြဂုတ်လ ၂၅ ရက်နေ့က ပေးပို့ အကြောင်းကြားထားခြင်း ဖြစ်ကြောင်းသိရှိ၇သည်။
မြန်မာ-တီမောလက်စ်တေ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကိုအားပေးအားမြောက်ပြုလျှက် အကြမ်းဖက်မှုများကို ကျူးလွန်နေသည့် NUGနှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခဲ့သည်ကို ဝန်ကြီးဌာနမှ သိရှိခဲ့သည်ဟု စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင်လ အစပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် NUG ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့်တို့ တီမောလက်စ်တေအစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့သည်။
အလားတူ တီးမောက်စ်တေးနိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာ ဖိတ်ကြားချက်အရ ဒေါ်ဇင်မာအောင်အရှေ့တီမောသို့ရောက်ရှိနေစဉ် တီမောလက်စ်နိုင်ငံ သမ္မတအား ဒေါ်ဆောင်ဆန်းစုကြည်ပုံတူပန်းချီကား ပေးအပ်ခဲ့ကြောင်းလည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ ရက်နေ့တွင်သတင်းထုတ်ပြန် ထားသည်။
တီမောလက်စ်တေ အစိုးရ၏အဆင်ခြင်မဲ့ လုပ်ရပ်များမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု
မြန်မာနိုင်ငံမှာရှိနေသည့် အရှေ့တီမောနိုင်ငံကသံရုံးဝန်ထမ်းများ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာကြရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားကြောင်းသံတမန်ရင်းမြစ်ကို ကိုးကားပြီး ပေါ်တူဂီအခြေစိုက် Lusa သတင်းကလည်း သြဂုတ် ၂၆ ရက်က ဖော်ပြထားသည်။