စနေ၊ ဇွန်လ ၁၅ရက်၊ ၂၀၂၄

ရှမ်းပြည်နမ့်ဖတ်ကာရွာတိုက်ပွဲ တစ်ပတ်အတွင်း မိန်းကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံး


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 905

(စစ်ကောင်စီတပ်နှင့် TNLA တို့ စစ်ရေးတင်းမာနေဆဲ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာရွာ၌ စစ်ကောင်စီတပ်နှင့် တအာန်းအမျိုးသားလွတ် မြောက်ရေးတပ်ဦး (PSLF/TNLA)တို့၏ တစ်ပတ်တာတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ဒေသခံ ၃ ဦးတို့ လက် နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်က စစ်ကောင်စီတပ် ကွတ်ခိုင်အခြေစိုက် ခလရ ၁၂၃ တပ်က ပစ်ခတ် လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာရ၍ ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သိရသည်။

သေဆုံးသူများမှာ ဦးဇော်ဒွဲ (၃၉ နှစ်)နှင့် ဦးဘောင်ရာ (၆၂ နှစ်)တို့ဖြစ်ပြီး နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း TNLA ပြောခွင့်ရသူ ဒု-ဗိုလ်မှူး ကြီး တာအိုက်ကျော်က နိရဥ္စရာ ကို ပြောသည်။

“နေ့လယ် ၂ နာရီလောက်မှာ စကစ ဖက်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန် ရွာထဲက အိမ်ပေါ်ကိုကျပြီး အမျိုးသားနှစ်ယောက်က သေဆုံးပါတယ်၊ အမျိုးသမီးနှစ်ယောက်လည်း ဒဏ်ရာတွေရလို့ ဆေးရုံမှာပါ”ဟု ပြောသည်။

နမ့်ဖက်ကာရွာ၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ခလရ ၁၂၃ တပ်က နမ့်ဖတ်ကာရွာထဲနှင့် အနီးပတ် ဝန်းကျင်နေရာအနှံ့သို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်မှစတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်ကလည်း ခလရ ၁၂၃ တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဆန်တစ်လုံး နမ့်ဖက်ကာရွာထဲ ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နှင့် TNLA တို့သည် နမ့်ဖတ်ကာရွာအနီးတွင် စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး နှစ်ဖက်တပ်များ စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။

Photo - PSLF/TNLA (ပုံ အဟောင်းဖြစ်ပါသည်)

ဆက်စပ် သတင်းများ