Preview

ကြာအင်းဆိပ်ကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

စက်တင်ဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :1149
ပြည်တွင်း သတင်း

ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ၌စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားတော်လှန်ရေးတပ်မတော်KNLA နှင့်PDF-9903မဟာမိတ်ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ဘက် က ဒု-ဗိုလ်မှူးကြီးအဆင့် (တပ်ရင်းမှူး)အပါအဝင်(၁၀)ဦးကျော်သေဆုံးပြီး(ရ)ဦးကျော် ဒဏ်ရာ ရခဲ့ကြောင်းNUG အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန(MOD) ကစက်တင်ဘာလ၁၈ရက်မနေ့ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၁၄ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလယ်ရွာသို့စစ်ကြောင်းထိုးချီတက်လာသည့်စစ်ကောင်စီတပ်မ(၄၄)၊ တပ်မ (၂၂) နှင့်ကရင်နယ်ခြားစောင့်တပ်(BGF) အပါအဝင်အင်အား(၇၀)ခန့်ကိုKNLA နှင့်PDF 9903နဂါးနီစစ်ကြောင်းတို့ပူးပေါင်းကာပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြသည်။

စက်တင်ဘာလ၁၄ရက်နေ့ နံနက် ရ ကျော်နာရီခန့်တွင်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနံနက်၁၀နာရီခွဲတွင်တိုက်ပွဲပြီးဆုံးခဲ့ကာစစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးမှာ စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။

တိုက်ပွဲအတွင်းBGF တပ်ခွဲမှုးနှင့်၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး ရ ဦးကျော်ဒဏ်ရာ၇ခဲ့သည့်အတွက်စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းထုတ်ပြန်ထားသည်။

"တော်လှန်ရေးဘက်ကဒရုန်းစစ်ဆင်ရေးတွေမှာရော၊စနိုင်ပါလက်ဖြောင့်သမားတွေရော တိုးတက်လာ ကြတာတွေ့ရတယ်။ကရင်နီနဲ့ကရင်ပြည်နယ်ထဲကတိုက်ပွဲတွေတိုင်းလိုလိုစကစဖက်က အလူးအလဲ ခံနေရတယ်။အလင်းဝင်လာသူတွေလည်းများနေပြီ။မကြာတော့ပါဘူးဒီတော်လှန်ရေးကြီးက အနိုင်နဲ့ ပြီးဖို့အတွက်က"ဟု CDM စစ်တပ်အရာရှိတစ်ဦးကသုံးသပ်ပြောသည်။

စစ်ကောင်စီဘက်ကMi-35ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်သည့်အပြင်အဘစ်ရွာဘက်မှနေ၍လည်း(၁၂၂)မမဟောင်ဝစ်ဇာလက်နက်ကြီး၅လုံးနှင့် ပစ်ခတ်ခဲ့ကြောင်းဆိုထားသည်။

PDF 9903နဂါးနီစစ်ကြောင်းမှရဲဘော်တစ်ဦးလည်း အဆိုပါတိုက်ပွဲအတွင်းသေဆုံးခဲ့၇ကြောင်းလည်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ၁၄ရက်နေ့ကပဲ ကော့ကရိတ်မြို့နယ်ထဲမှစစ်ကောင်စီတပ်၏ရေတလျောက် စခန်းအားKNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်း အများအပြားလည်းသိမ်းဆည်းနိုင်ခဲ့ကြောင်းKNU ဗဟို က သတင်းထုတ်ပြန်ထားသည်။

Photo-MOD

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.