Preview

၇ခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသ ၉ခုသို့ ဗြိတိန်နိုင်ငံသားများခရီးမသွားရန် သတိပေးချက်ထုတ်ပြန်

စက်တင်ဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :2054
ပြည်တွင်း သတင်း

(ရခိုင်မြောက်ပိုင်းတည်ငြိမ်နေသော်လည်းတိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်၍  သတိပေးတားမြစ်ခြင်းဖြစ်နိုင်သည်ဟု ၇ခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းသုံးသပ်)


စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေဖြစ်နေသည့်၇ခိုင်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ် ၉ ခုသို့  ဗြိတိန်နိုင်ငံသားများခရီးသွားခြင်း လုံး၀မပြုလုပ်ရန် ဗြိတိန်အစိုး၇က သတိပေးချက်ထပ်မံထုတ်ပြန်ခဲ့သည်။


အဆိုပါသတိပေးထုတ်ပြန်ချက်အား ဗြိတိန်နိုင်ငံခြားရေး၊ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး (The Foreign, Commonwealth and DevelopmentOffice- FCDO) က စက်တင်ဘာလ ၁၈ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပြီးဗြိတိန်နိုင်ငံသားများအတွက် ခရီးသွားလာခြင်းဆိုင်ရာ အကြုံပြုကြေညာချက်မှာထည့်သွင်းဖော်ပြထားသည်။


၎င်းတိုင်းနှင့် ပြည်နယ် ၉ ခုမှာ မွန်ပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ ကရင်၊ ၇ခိုင်ပြည်နယ်မြောက်ပိုင်း၊စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းမြောက်ပိုင်းဒေတို့ ဖြစ်ကြသည်။


ယင်းအပြင် မဖြစ်မနေမှလွဲ၍ခရီးမသွားသင့်သောဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊တနင်္သာရီတောင်ပိုင်း ခိုင်ပြည်နယ်အလယ်ပိုင်းနှင့် စစ်တွေခရိုင်တို့ကိုဖော်ပြထားသည်။


စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိလုံခြုံရေးအခြေအနေသည် မှန်းဆ၍မ၇နိုင်သည့်အပြင် သတိပေးမှုမရှိဘဲပြောင်းလဲလွယ်သည့်သဘော ရှိနေသည့်အတွက် ယခုလို တားမြစ်၇သည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


၎င်းပြင် ထုတ်ပြန်ချက်အထဲတွင်၇ခိုင်ပြည်မြောက်ပိုင်းကိုလည်း သွားလာခြင်း မပြုလုပ်ရန် တားမြစ်ချက် ပါဝင်နေခြင်းနှင့် ပတ်သက်ပြီး ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကယခုလို သုံးသပ်ပြောဆိုသည်။

 

၇ခိုင်မြောက်ပိုင်းက ည်ငြိမ်နေပေမယ့် တိုက်ပွဲများ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ သူတို့ ယူဆတဲ့ အတွက် လုံခြုံမှုအ၇ သတိပေးတားမြစ်တာလို့ ထင်ပါတယ်ဟု ပြောသည်။

 

ယခု ဗြိတိန်နိုင်ငံက ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံမှာဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို  မီဒီယာများမှတစ်ဆင့် တစ်ကမ္ဘာလုံးက သိနေသည့်အတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့်၎င်းတို့၏ နိုင်ငံသားများကိုလုံခြုံရေး စိုးရိမ်မှုရှိ၍ တားမြစ်ခြင်းမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း ဦးဖေသန်းက နိရဉ္စရာသို့ ဆက်လက် ပြောဆိုသည်။

 

"တခြားနိုင်ငံတွေမှာ သူတို့နိုင်ငံသားတွေကိုသူတို့ကိုယ်တိုင်ကာကွယ်တယ်။ ကျနော်တို့နိုင်ငံမှာ အစိုး၇က ပြည်သူတွေကိုကာကွယ်ဖို့ ပျက်ကွက်ခဲ့တာ အခုမှာမဟုတ်ပါဘူး။ ပြည်ပမှာ ဒုက္ခရောက်နေရင်လည်းမကာကွယ်နိုင်၊ သံရုံးတွေကလည်း မဖြေရှင်းပေးနိုင်တဲ့အပြင်ကိုယ်နိုင်ငံသားတွေကို သတ်ဖြတ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ရွာတွေကို မီးရှို့နေတယ်။ ပြည်သူတွေကို သံသယဝင်ပြီးရန်သူလို့ သတ်မှတ်လာတယ်။ သူတို့ အာဏာ တည်မြဲဖို့အတွက် ပြည်သူတွေကိုနှိပ်စက်တာခြိမ်းခြောက်တာ အနိုင်ကျင့်တာတွေက လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ။ ဒါတွေက စစ်အာဏာစသိမ်းကတည်းဆက်တိုင်း လုပ်လာတဲ့ ကိစ္စရပ်တွေပါ။ ဒီနိုင်ငံရဲ့ အစိုးရက မိဘတူတဲ့ အစိုးရမဟုတ်ဘူး။ရန်သူနဲ့ တူတဲ့အစိုးရပေါ့။ မိဘတူတဲ့ အစိုးရက ပြည်သူတွေအပေါ် စိုးရိမ်စိတ်ရှိတယ်။ ကာကွယ်တာပေါ့" ဟု သုံးသပ်သည်။


နိုင်ငံတစ်ဝန်းတွင်လည်းလေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်များအပြင်လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း FCDO ော်ပြထားသည်။

နိုင်ငံခြားသားများ ပုံမှန်အားဖြင့်ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ရှော့ပင်းမောများနှင့် ဝန်ဆောင်မှုများပေးသော် စသည့်နေရာများတွင်လည်းတိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင့် သတိပေးဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၁၆ ရက်တွင်လည်း  မြန်မာနိုင်ငံရှိတိုင်းနှင့်ပြည်နယ် ၈ ခုမှ ဒေသအများအပြားသို့ ခရီးသွားလာခြင်းမပြုကြရန် ဗြိတိန်အစိုး၇ (FCDO) က သတိပေးထုတ်ပြန်ခဲ့သေးသည်။

 

ဓာတ်ပုံ- ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ ၂၀၂၃ ခုနှစ်စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်သည့်ပုံ။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.