Preview

ကရင် ဝေါ်လေအခြေစိုက်ခမ၇-၅၅၆တပ်ရင်း လှုပ်ရှား စစ်ကြောင်းမှ တပ်သား (၂) ဦး လက်နက်ခဲယမ်းနှင့်အတူ KNLA သို့ လာရောက်ပူးပေါင်း

စက်တင်ဘာ ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :1798
ပြည်တွင်း သတင်း

(စစ်ကောင်စီတပ်သားများ တစ်ဦးပြီးတစ်ဦးလက်နက်များနှင့်လာရောက်ပူးပေါင်းနေ)

 ကရင်ပြည်နယ်၊ ဝေါ်လေ အခြေစိုက် စစ်ကောင်စီ  တပ်မ (၄၄) လက်အောက်ခံ ခမ၇-၅၅၆ တပ်ရင်းမှ လှုပ်ရှားစစ်ကြောင်းမှ တပ်သား (၂) ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့  စက်တင်ဘာ ၂၀ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

 

၎င်းတို့ နှစ်ဦးသည် ခမ၇-၅၅၆ တပ်ရင်းမှူး ဝင်းနောင်ထွန်း နှင်း ဒု-ရင်းမှူး သက်စိုး ဦးဆောင်သော လှုပ်ရှားစစ်ကြောင်းမှ ဖြစ်ကြောင်း သိ၇သည်။

 

လာရောက်ပူးပေါင်းသည့် တပ်သား နှစ်ဦးမှာ အသက် (၂၀) အရွယ်ရှိကြသည့် တပ်သား ကိုကိုနိုင်နှင့် တပ်သား အိုက်လျှန်း တို့ဖြစ်ကြပြီး  လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၆)၊ တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁) ထံသို့ လာရောက် ပူးပေါင်းခဲ့သည်ဟု ဆိုသည်။



 

၎င်းနှင့်အတူ ပါလာသော လက်နက် ခဲယမ်းများမှာ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့် နှင့် အီကွေးမင့် (၁) စုံ တို့ဖြစ်ကြသည်။

 

သူတို့နှစ်ဦးတွင် တစ်ဦးတွင်သာလက်နက် ပါလာခဲ့ခြင်းမှာ အခြားတစ်ဦးမှာ လမ်းခရီး နှင့် အခြေနေအရရကြောင့် မိမိကိုင်ဆောင်သော လက်နက်အား ၎င်း၏တပ်ရင်းမှ ပြန်လည် သိမ်းဆည်းရမိခဲ့သည့်အတွက် ကိုယ်လွတ်ရုန်းထွက်လာ၇၍ ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အာဏာသိမ်း စစ်ကောင်စီတပ်မှ အထက်အရာရှိကြီးများ၏ မတရားဖိနှိပ်အုပ်ချုပ်မှုအား မနှစ်သက်သဖြင့် ၎င်းတို့၏တပ်မှ ကြိုးစားရုန်းထွက်လာခြင်းဖြစ်သည်ဟု တက်သားနှစ်ဦးကပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။



 ၎င်းတို့ နှစ်ဦးသည် နွေးထွေးသော ပြည်သူ့ရင်ခွင်သို့ ခိုလှုံပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး သမားများနှင့် အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်းဖြင့်လည်း ထုတ်ပြန်ချက်ကဆိုထားသည်။

 

၎င်းတပ်သား (၂) ဦးအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)မှ ထိုင်းဘတ်ငွေ (၅၀,၀၀၀)ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိ၇သည်။ ( NN-30)

 

ဓာတ်ပုံ - ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူး ပေါင်းလာသော တပ်သား နှစ်ဦးအား KNLA - တပ်ရင်း (၁၀၃) အရာရှိမှ ထောက်ပံ့ငွေ ပေးအပ်စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.