Preview

တလအတွင်း တိုက်ပွဲအကြိမ် (၇၀)ဖြစ်ပွားပြီး အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ နီးပါးကျဆုံးခဲ့ဟုဆို

စက်တင်ဘာ ၂၃/ ၂၀၂၃ | ကြည့်ရှုသူ :1375
ပြည်တွင်း သတင်း

 KNLAနှင့် KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း()ဦးကျဆုံးခဲ့ဟုဆို

 

ယခုနှစ် သြဂတ်(စ်)လတစ်ရက်နေ့မှ (၃၁) ရက်နေ့အထိ တစ်လအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA/ KNUနှင့်ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့KNDO ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲအကြိမ် (၇၀)ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က (၁၉၁) ဦး ကျဆုံးခဲ့ကြောင်း KNU မှ ယမန်နေ့က သတင်းထုတ်ပြန် ထားသည်။

 

အဆိုပါတိုက်ပွဲများမှာ ဒူးပလာယာခရိုင် KNU တပ်မဟာ (၆) နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကြေးနန်းမှတ်တမ်းနှင့် မြေပြင်သတင်းပေးပို့ချက်အ၇ တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှဗိုလ်ကြီးအဆင့်ရှိသူ (၃) ဦး၊ တပ်ကြပ် (၁) ဦးနှင့် တပ်ကြပ် အဆင့်ရှိသည့် နယ် ထိန်း ရဲမှူး(၁) ဦးအပါအဝင် စုစုပေါင်း (၁၉၁) ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး (၁) ဦး၊ဒုတပ်ရင်းမှူး (၁) ဦးအပါအဝင် (၁၆၃) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNUထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



အလားတူ KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း(၂၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၇) ဦးမှာလည်း ကျဆုံးခဲ့သည်ဟုဆိုသည်။


ထို့အပြင် တစ်လအတွင်းစစ်ကောင်စီဘက်မှ အသုံးပြုခဲ့သည့် ကား (၉) စီးကိုလည်း KNU ဘက်မှ ဖျက်ဆီးနိုင်ခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သြဂတ်(စ်)လ ၁ရက်နေ့မှ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးနှင့် BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး မှာလည်းလက်နက်အပြည့်အစုံဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ထံ လက်နက်ချက်အလင်းဝင်ရောက်ခဲ့ကြောင်လည်း KNU ထုတ်ပြန်ချက်များအရသိရှိ၇သည်။


အလာတူး ခလယ်လွီထူခရိုင် KNU တပ်မဟာ(၃) နယ်မြေတွင်လည်းဇူလိုင်လ တစ်လအတွင်း စစ် ကောင် စီတပ်နှင့် KNU တပ်မဟာ (၃) လက်အောက်ခံတပ်ဖွဲ့တို့အကြားတိုက်ပွဲပေါင်း (၉၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်မှတပ်ရင်းမှူး (၁) ဦးနှင့် ဗိုလ်မှူး (၁) ဦးအပါအဝင် စုစုပေါင်း (၁၆၆) ဦး ကျဆုံးကာဒုတပ်ရင်းမှူး (၁) ဦးအပါအဝင် (၁၄၃) ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းKNU ဗဟိုကသြဂုတ်လ (၁၁) ရက်နေ့ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။


စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်သည့် ရေတလျောက်၊ သစ်ဆိပ်ချနှင့် လက်ခတ်တောင် တာဝါကုန်း စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတချို့ ကိုလည်း KNUနှင့်ပူးပေါင်းတပ်ဖွဲ့တို့က မကြာသေးမီက တိုက်ခိုက် သိမ်းယူခဲ့ပြီးလက်နက်အပါအဝင် စစ်အသုံး အဆောင် အများအပြားကိုလည်းသိမ်းဆည်း၇မိခဲ့ကြောင်း KNU ဘက်ကသတင်းထုတ်ပြန်ထားသည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.