ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဗျူဟာမှ တပ်သား ၂ ဦးတို့သည် ပြီး ခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့က CDF MatupiBattalion -2 တပ်ရင်းထံသို့ လက်ပစ်ဗုံးများ၊ ကျည်ဆန်များနှင့်အတူ ဘက်ပြောင်း အလင်းဝင်ရောက်လာခဲ့ကြောင်း သိ၇သည်။
မိုးအောင် (ကိုယ်ပိုင်အမှတ် - တ/၅၁၇၁၅၅၀) နှင့် တိုးနိုင်ဝေ (ကိုယ်ပိုင်အမှတ် - တ/၁၂၇၈၄၄) တပ်သား ၂ ဦးတို့သည် လက်ပစ်ဗုံး ၂ လုံး၊ MA ကျည်ဆံ ၁၂၂ ထောင့် တို့နှင့်အတူ CDF MatupiBattalion -2 ထံ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြေ
၎င်းတို့ ၂ ဦးလုံးကို လွတ်မြောက်နယ်မြေပို့ပေးဖို့ စီစဉ်ထားကြောင်းလည်း CDF MatupiBattalion – 2 မှသိ၇သည်။
"စကစ တပ်ရဲ့အောက်ခြေမှာ တပ်ထဲကနေ ထွက်နိုင်ဖို့အတွက် မရရတဲ့နည်းနဲ့ ရှာကြံနေကြရတဲ့အထိ အထိန်းအကွပ်မဲ့နေကြပြီလို့ သိရတယ်၊ ချင်းပြည်နယ်ထဲက စကစ တပ်တွေဟာ တော်လှန်ရေး တပ်တွေ နဲ့ တိုက်ရင်းကနေ အင်အားချည့်လာနေတဲ့အတွက် သူတို့ အထက် အရာရှိတွေလည်း အောက်ခြေမှာ ထိန်း ဖို့ခက်ခဲနေကြပြီ" ဟု CNF ချင်းအမျိုးသားတပ်ဦး ပြောခွင့်၇သူ ဆလိုင်းထက်နီက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်း မတူပီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဗျူဟာမှ တပ်ကြပ် အဆင့်ရှိ ၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ CDF Matupi တပ်ထံသို့ အလင်းဝင် လာခဲ့ကြကြောင်း သိ ၇သည်။
စစ်ကောင်စီကို စတင်တော်လှန်ခဲ့သည့်အချိန်မှစပြီ
စစ်ကောင်စီတပ်မှ ဘက်ပြောင်းအလင်းဝင်လာကြမည့် စစ်သားနှင့်ရဲများအား အချိန်မရွေးကြိုဆိုနေ ကြောင်းလည်း CDF Matupi က အသိပေးထုတ်ပြန်ထားသည်။
Photo- CDF Matupi Battalion - 2