Preview

ချင်းပြည်ကောင်စီဖွဲ့စည်းရေး အပါအဝင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး အတွက် ယခုခုနှစ်ထဲ ညီလာခံခေါ်ယူမည်

စက်တင်ဘာ ၂၅/ ၂၀၂၃ | ကြည့်ရှုသူ :947
ပြည်တွင်း သတင်း

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ချင်းပြည်ကောင်စီဖွဲ့စည်းရေးနှင့် ချင်းပြည်ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ် ဖွဲ့စည်းတည်ထောင်ရေး တို့အတွက် ယခုလက်ရှိ ၂၀၂၃ခုနှစ်ထဲ၌ ညီလာခံခေါ်ယူသွားမည်ဖြစ်ကြောင်း သိ၇သည်။

အဆိုပါညီလာခံဖြစ်မြောက်ရေးအတွက် Working Committee for ChinlandCouncil Conference (WCCCC) ကို ဖွဲ့စည်းထားလိုက်ပြီဖြစ်ကြောင်းအဆိုပါကော်မတီပြောခွင့်ရသူ ဒေါက်တာ Ngai Tam Maung ကနိရဉ္စရာ ကို ပြောသည်။

 

‘’ကျွန်တော်တို့လုပ်ငန်းက အစပဲရှိသေးတာရယ်၊ညှိနှိုင်းစရာတွေရှိသေးတယ်၊ လုပ်ငန်းအတော် များများ ပြီးသွားရင်တော့ media ကို ချပြဖို့ရှိပါတယ်၊ ကော်မတီအနေနဲ့ ညီလာခံကို အခု ၂၀၂၃ ခုနှစ်ထဲမှာ လုပ်နိုင်ဖို့တော့ စီစဉ်ထားပါတယ်။’’

 

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ချင်းအမျိုးသားတည် ဆောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးအတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း (WCCCC) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



 

(WCCCC) ကော်မတီဖြစ်လာရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ် များ၊ မြို့နယ်နှင့်ဒေသအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၈ ဦးတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ရ ရက်မှ ၉ ရက်နေ့အထိ နယ်စပ်တစ်နေရာ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ် ကြောင်းလည်း စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းခဲ့ပြီး စစ်ကိုင်း တိုင်းတွင်လည်း နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးများကိုစစ်ကိုင်းဖိုရမ်၏ ပထမအကြိမ်အဖြစ် ဇွန်လဆန်းပိုင်း၌ ကျင်းပနိုင်ခဲ့ကြောင်း သိ၇သည်။ NN – 24

Photo -  WCCCC

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.