Preview

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း စကစတပ်ဖွဲ့ဝင် ၂၀၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကျဆုံးခဲ့ဟု ထုတ်ပြန်

အောက်တိုဘာ ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :1085
ပြည်တွင်း သတင်း

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃၈၇ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီးကရင်နီပြည်သူ့ အင်အားစုများဖက်က၃၃၃ ဦးကျဆုံးခဲ့သည်ဟု  တိုးတက်သောကရင်နီပြည်သူ့အင်အားစု (Progressive Karenni People force/PKPF)က ယနေ့အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကရင်နီပြည်သူ့အင်အားစုများဖက်က ကျဆုံးခဲ့ရသူများမှာ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) များဖြစ်ကြသည့် ကရင်နီအမျိုးသားများ ခုခံကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA) တို့မှဖြစ်ကြသည်။  

 

အဆိုပါ ကာလအတွင်း တိုက်ပွဲပေါင်း ၈၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီးလူနေအိမ် (၁၈၉၁) လုံးပျက်စီးခဲ့ကာ ပျက်စီးသွားသော ဘာသာရေးအဆောက်အအုံမှာ ၄၂ ခု ရှိသည်။

 

စစ်ပွဲကာလအတွင်း သေဆုံးခဲ့ရသည့် အရပ်သားမှာ ၃၈၂ ဦးသေဆုံး စစ်ဘေးရှောင်နေစဉ်သေဆုံးခဲ့ရသူ အရေအတွက်မှာ ၁၄၂ ဦးရှိကာ မတရားဖမ်းဆီးခံ၇သူ ၁၈၃ ဦးရှိသည်ဟု ဆိုသည်။

 

စစ်ကောင်စီ ယာဉ် ၆၆ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါ စာရင်းတွင် ဖော်ပြထားသည်။


စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် စစ်ကောင်စီလေတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၆၃၁) ကြိမ်ပြုလုပ်ခဲ့ပြီး စစ်တပ် အာဏာ သိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲ အချိန်မြင့်တက်ခဲ့ပြီး ထောင်နှင့်ချီသည့် အရပ်သားပြည်သူများမှာလည်း စစ်ဘေးရှောင်များအဖြစ် နေရပ်စွန့်ခွာနေကြရကြောင်း သိရှိ၇သည်။
(NN-14)




မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.