ရခိုင်ပြည်၊ ကျောက်ဖြူတွင် တည်ဆောက်နေသည့်အမေရိကန်ဒေါ်လာ၁ ဒဿမ၃ ဘီလီယံအသုံးပြုသွားမည့် တရုတ်ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး လက်မှတ်ရေးထိုးထားသည့် စာချုပ်နှင့် ပတ်သက်ပြီး ပြန်လည်ညှိနိုင်းဆွေးနွေးရန် နှစ်နိုင်ငံအကြား မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည်ဟု သတင်းရရှိသည်။
“ တရုတ်-မြန်မာနှစ်နိုင်ငံကြားလက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး နစကခေါင်းဆောင်ကဆွေးနွေးညှိနှိုင်းဖို့ မူအားဖြင့် သဘောတူထားပြီးပြီလို့ သိရှိ၇ပါတယ်”ဟု BETV သတင်းတွင် ဖော်ပြသည်။
ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်ချုပ်ဆိုထားသည့် စာချုပ်တွက် နှစ်ဖက်စလုံးအဓိပ္ပာယ် ကွဲလွဲယူဆ၍ ရနိုင်သည့် အချက်အချို့ရှိနေသောကြောင့်ပြန်လည်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ဆိုသည်။
တရုတ်ခေတ်သစ်ပိုးလမ်းမကြီး- BRI ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်၊လူနေအိမ်ရာနှင့် ရေနက်ဆိပ်ကိမ်းစီမံကိန်း ပါဝင်ရာ လက်ရှိ ရေနက်ဆိပ်ကမ်းကို ကနဦး အကောင်အထည်ဖော်စတင်တည်ဆောက်နေပြီဟု သိ၇သည်၊
တရုတ်မံကိန်းများသည် ရခိုင်လူထုအတွက် အကျိုးမရှိသဖြင့် ဒေသဖွံ့ဖြိုးရေးထက်ဆိုးကျိုးသာပေးနိုင်သည်ဟု ဒေသအတွင်းမှ လူမှုရေးလှုပ်ရှားသူများက ပြောသည်။
“အခုစီမံကိန်းကလည်းသဘာ၀ပတ်ဝန်းကျင်ကို အများကြီး ထိုခိုက်ပျက်စီးသွားနိုင်တယ်။ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းအရင်းအမြစ်တွေလည်း အများကြီး ဆုံးရှုံးသွားနိုင်တယ်”ဟုဒေသခံလူငယ်တစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။
ယခင်သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံအသုံးပြုသွားရန် စီစဉ်ခဲ့ပြီးအစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုက ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရက စီမံကိန်းရဲ့ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။
ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက်ကို၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် နိုဝင်ဘာလမှာShareholders’ Agreement နဲ့Concession Agreement ကိုနှစ်ဖက်သဘောတူ ရေးထိုးခဲ့သည်ဟု သိ၇သည်
တရုတ်အစိုးရသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ ရေနက်ဆိပ်ကမ်းများကိုကျောက်ဖြူမြို့နယ်ရှိ မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့်ဆိပ်ကမ်း စသဖြင့် တည်ဆောက်မည်ဟု သိ၇သည်။
NN-30
Ref: BETV Business news