Preview

ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်လေကြောင်း ပျံသန်းရန် စစ်ကောင်စီဆွေးနွေး

အောက်တိုဘာ ၁၉/ ၂၀၂၃ | ကြည့်ရှုသူ :1294
ပြည်တွင်း သတင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းရန် စစ်ကောင်စီကဆွေးနွေးနေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကုန်သည်/စက်မှုအသင်းချုပ် (FBCCI) ဥက္ကဋ္ဌနှင့်  တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ မြန်မာသံအမတ်ဦးအောင်ကျော်မိုးကဘင်္ဂလားဒေ့ရှ်နှင့်တိုက်ရိုက်လေကြောင်း ပျံသန်းနိုင်ရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု သိ၇သည်။

တိုက်ရိုက် လေကြောင်းပျံသန်းရေး မိတ်ဆက်ဖို့ မြန်မာဘက်ကစိတ်ဝင်စားမှုရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကျော်မိုးက ပြောကြားကြောင်း သတင်းများတွင်ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်ဘက်ကမြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးတက်လာရန်  မျှော်မှန်းထားပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးကို ခိုင်မာစေရေး အလေးပေး ဆောင်ရွက်နေကြောင်း  FBCCI ဥက္ကဋ္ဌ မဟ်ဘူဘွတ်လ် အလမ်က ပြောကြားသည်။

နှစ်နိုင်ငံစလုံးမှာအလားအလာရှိသည့် ကဏ္ဍများစွာ ရှိနေသော်လည်း  အဆိုပါ အခွင့်အလမ်းများကို မှန်ကန်စွာအသုံးချရန် မဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

မွတ်ဆလင် ဒုက္ခသည်အရေး အပါအဝင်နှစ်နိုင်ငံကြားမှာ ဖြစ်ပေါ်နေဆဲ အခက်အခဲများကို ဖြေရှင်းနိုင်မှ နှစ်နိုင်ငံစလုံးကစီးပွားရေးအရ အကျိုးရှိနိုင်မည်ဟု မဟ်ဘူဘွတ်လ် အလမ်က ထောက်ပြပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် အသင့်ဝတ်အထည်၊ ဆေးဝါး၊ ကြွေထည်၊ ဂုန်လျှော်၊ သားရေထုတ်ကုန် စသည့် ကုန်ပစ္စည်းများကကမ္ဘာ့ဈေးကွက်မှာ နာမည်ကောင်း၇ထားသဖြင့်  မြန်မာနိုင်ငံအနေဖြင့်လည်း တင်သွင်းနိုင်ကြောင်းမဟ်ဘူဘွတ်လ် အလမ်က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံကနေစိုက်ပျိုးထွက်ရှိသည့်  ဆန်၊ ကြက်သွန်၊ ဟင်းခတ်အမွှေးအကြိုင် စသည့်  ကုန်ပစ္စည်းများကိုလည်းဘင်္ဂလားဒေ့ရှ်အနေဖြင့် တင်သွင်းနိုင်ကြောင်း ဆိုသည်။

၎င်းအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန်များတွင်လည်းမြန်မာလုပ်ငန်းရှင်တွေအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းလည်းဘင်္ဂလားဒေ့ရှ်ကုန်သည်/စက်မှုအသင်းချုပ် ဥက္ကဋ္ဌက ဖိတ်ခေါ်ထားသည်ဟု သိရှိ၇သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ယခင်က ဘင်္ဂလာ ဘီမန်လေကြောင်းလိုင်းကတိုက်ရိုက်လေကြောင်းပျံသန်မှု ရှိခဲ့သော်လည်း ကိုဗစ် မတိုင်မီ အရှုံးပေါ်၍ ရပ်နားခဲ့ရသည်ဟုသိ၇သည်။ NN-30

 

Ref-BETV Business

ပုံစာ- ဒက္ကားလေဆိပ်

#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.