ကချင်ပြည်နယ်၊မိုးမောက်မြို့နယ်ရှိအောင်ဂျာ စခန်းသိမ်းတိုက်ပွဲသည်စစ်ကောင်စီ၏အိပ်မက်ကိုရိုက်ချိုးပစ်နိုင်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုး၇(NUG) ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၂၅ ရက်က ဖော်ပြထားသည်။
“အောင်ဂျာအောင်ပွဲက အရေးကြီးပါတယ်။ PDF တပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့မဟာမိတ်များရဲ့ အားနဲ့ ၇ယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်။ (ဒီစခန်းသိမ်းအောင်ပွဲမှာ AA CNF ABSDF KNA-BURMA KPDF နဲ့ PDF ရဲဘော်များ ပူးပေါင်းပါဝင်တယ်။) တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့အောင်ပွဲလည်းဖြစ်တယ်” ဟု ရေးသားထားသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာစစ်တပ်စခန်းကို KIA တပ်များကအောက်တိုဘာ ၂၀ ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်သုံ့ပန်းတချို့ကိုလည်းဖမ်းဆီးရရှိကြောင်း ကချင်ဒေသသတင်းများကဖော်ပြထားကြသည်။
တော်လှန်ရေးထုအင်အားနှင့် ဆင်နွှဲသည့် မဟာဗျူဟာထိုးစစ်၏ကနဦးခြေလှမ်းလည်း ဖြစ်ပြီး တိုက်ပွဲတွင် ရန်သူ့အင်အား ရာကျော်ချေမှုန်းနိုင်ခဲ့သည်ဟု ဦးရည်မွန်ကရေးသားထားသည်။
ကျားတက်ထိုးပြီးဝင်ရောက်သိမ်းယူခဲ့ရသည့် စခန်းသိမ်းအောင်ပွဲနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲဘော်များ၏ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းကချီးကျူးကြောင်း ပြောဆိုခဲ့ကြောင်းလည်း သိ၇သည်။
"ဝန်ကြီးရေ ကောက်လို့တော့မပြီးသေးဘူး။ လက်နက်ငယ်တွေကော၊ လက်နက်ကြီးတွေပါ PDFတစ်ရင်းစာ တပ်ဆင်နိုင်လောက်အောင်၇လိမ့်မယ်ဗျ"ဟု စခန်းသိမ်းပြီးနောက်တစ်ရက်တွင် စစ်ဒေသမှူးကလှမ်းပြောကြောင်းလည်း ဦးရည်မွန်၏ရေးသားချက်အ၇ သိ၇သည်။
NUG သမ္မတရုံးပြောခွင့်၇သူဦးကျော်ဇောက “တော်လှန်စစ်ပွဲဆင်နွှဲနေတာတော်တော် ခရီးရောက်လာတာလည်း တွေ့၇ပါတယ်။စစ်မြေပြင်မှာဆိုရင် ရန်သူက အကျအရှုံးတွေများ၊စခန်းတွေဆုံးရှုံး၊ သူတို့လေကြောင်းကအပြင်းအထန်တိုက်ခိုက်နေတဲ့ကြားက အရပ်သားပြည်သူတွေကို ကြွက်မနိုင်၊ကျီမီးရှို့ဆိုသလို လုပ်နေတဲ့ကြားက ကျွန်တော်တို့အင်အားစုတွေက ကချင်မှာရော၊ရှမ်းပြည်မြောက်ပိုင်းမှာရော အထိုင်ချထားတဲ့စခန်းတွေသိမ်းနိုင်တာတွေ့တယ်” ဟု နိရဥ္စရာသို့ပြောကြားထားသည်။
အောက်တိုဘာလအတွင်း ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် တိုင်းရင်းသားတော်လှန်ရေး လက်နက်တပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိပြီးတိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက စခန်းသိမ်းပိုက်မှုတချို့ရှိသကဲ့သို့လက်နက်ခဲယမ်းသိမ်းဆည်းရမိမှူများလည်း ရှိခဲ့သည်ဟု သိ၇သည်။ (NN-15)
ဓာတ်ပုံ- KIA