Preview

စစ်ဆင်ရေး ၅ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃)ဖွဲ့ထံ စစ်ကောင်စီတပ်သား အလင်းဝင်ရောက်သူ ၁၀၀ကျော်ခန့် အထိရှိ

အောက်တိုဘာ ၃၁/ ၂၀၂၃ | ကြည့်ရှုသူ :2347
ပြည်တွင်း သတင်း

စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် ညီနောင်မဟာမိတ်၃ ဖွဲ့မှ အထူးတိုက်တွန်းနိူးဆော်ချက်ထုတ်ပြန်


(လက်နက်ချ၊ အလင်းဝင်၊လာရောက်ပူးပေါင်းသူများအား မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ဖမ်းဆီး ချုပ်နှောင်မှုမျိုးကိုမှ ပြုလုပ်မည်မဟုတ်သလို မိသားစု၊ဆွေမျိုးများနှင့်အမြန်ဆုံးပြန်လည်ဆုံ စည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟုဆို)


ပြီးခဲ့သည့် အောက်တိုဘာ၂၇ ရက်နေ့စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ မဟာမိတ်သုံးဖွဲ့ ထံတွင် စစ်ကောင်စီဘက်မှအသက်မသေလိုသည့်အပြင် မိသားစုနှင့် ပေါင်းစည်းလို၍ အလင်းဝင်ရောက် လာခဲ့သောသူပေါင်း(၁၀၀) ကျော် အထိရှိခဲ့ပြီဖြစ်သည်ဟု1027 Operationမှ ယနေ့ထုတ်ပြန်သည်။

 

 တစ်ပြိုင်နက်တည်းတွင် မိမိတို့ညီနောင်အဖွဲ့အစည်းများနှင့် တပ်ဖွဲ့ဝင်များထံသို့ နီးစပ်ရာမှဆက်သွယ်ပြီးလက်နက်အပ်ခဲ့ကြသောသူများရှိခဲ့ပြီး  ယခုစစ်ဆင်ရေးကာလအတွင်း အသက်မသေလို၍လက်နက်ချ အညံ့ခံကြသောသူများလည်းရှိခဲ့ကြောင်းသိရသည်။

ယင်း အပြင် မိသားစု၊ဆွေမျိုး၊ မောင်နှမ၊ သူငယ်ချင်းများ ထံမှတစ်ဆင့် မဟာမိတ်သုံးဖွဲ့တို့ထံ ဆက်သွယ်လာ၍ ၎င်းတို့လွတ်မြောက်ရန်အတွက် ကူညီဆောင်ရွက်ပေးပြီးနောက်အမြောက်အမြား လွတ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

ယမန့်နေ့အောက်တိုဘာလ  ၃၀ ရက်နေ့တွင်စစ်ကောင်စီ၏ အင်အား (၅၀) ရှိသော တပ်စခန်း တစ်ခုလုံးကို ညီနောင်မဟာမိတ်အနေဖြင့်(၂) နာရီအတွင်း ချေမှုန်း၍ ရနိုင်သော်လည်း အချိန်မီ အညံ့ခံခဲ့သောကြောင့်တစ်ယောက်မကျန် အသက်ချမ်းသာပေးပြီး ဘေးကင်းရာတွင် လုံခြုံစွာနေရာချထားပေးခဲ့သည်ဟုဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်သည့် (MNDAA/TNLA/AA) က Operation ၁၀၂ရစစ်ဆင်ရေးကို စတင် ဆင်နွှဲပြီးနောက် စစ်ဆင်ရေး (၅) ရက်တာ ကာလအတွင်းစစ်ကောင်စီ၏ စခန်းကြီး၊ စခန်းငယ်၊ စစ်ဖက်ဆိုင်ရာ တပ်စခန်းပေါင်း (၈၀)ကျော် အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့များကိုအလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ချက်အရသိရသည်။

စစ်ဆင်ရေး ရက်များအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ အမြောက်အမြား သေဆုံး၊ ဒဏ်ရာရကာ စစ်လက်နက်ခဲယမ်း၊စစ်အသုံး အဆောင် အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိထားခဲ့ကြောင်း သိ၇သည်။

ညီနောင် မဟာမိတ် (၃)ဖွဲ့အနေဖြင့်  စစ်ဆင်ရေးရည်မှန်းချက်ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာ့တပ်မတော်သားများကို၎င်းတို့ ရင်ဆိုင်ထားသော စစ်စခန်းများမှနေ၍ မဟာမိတ်၃ဖွဲ့ထံထံသို့လက်နက်အပ်၍သော်လည်းကောင်း၊ အလင်းဝင်ရောက်၍ သော်လည်းကောင်းအမြန်ဆုံးဆက်သွယ်ကြရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။

ညီနောင် မဟာမိတ်(၃)ဖွဲ့ ထံ ရောက်ရှိလာသောသူများအားကာကွယ်ပေးမည့်အချက် ၅ ချက်ကိုလည်း ထုတ် ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါ ၅ချက်မှာ

 

၁။အသက်၊ အန္တရာယ်လုံခြုံရေးကို “အထူး”အာမခံပြီးလူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက် ရအောင် ဆောင်ရွက်ပေးသွားမည်။

 

 ၂။မည်သည့်ညှဉ်းပန်းနှိပ်စက်မှု၊ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ပါ

 

၃။  မိသားစု၊ ဆွေမျိုးများနှင့် အမြန်ဆုံးပြန်လည်ဆုံစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားပါမည်

 

၄။ လမ်းခရီးတွင်သွားလာရန်အတွက်လိုအပ်မည့် ခရီးစရိတ်များကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ ပေးသွားပါမည်

 

၅။ မကျန်းမမာဖြစ်နေသောသူများကိုလည်းညီနောင် မဟာမိတ်တို့ထံ တွင်ရှိသော ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်မှုများဖြင့် အတတ်နိုင်ဆုံး စောင့်ရှောက်ပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။(NN-11)

 Crd 1027 Operation 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.