စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ပလက်ဝတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

(ဒေသခံအမျိုးသမီးတစ်ဦးလက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရ)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

၎င်းတိုက်ပွဲမှာ ယနေ့ နိုဝင်ဘာလ ရက်၊ မနက် နာရီကျော်ခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မိုင်ခန့်ကွာဝေးသော ဘားဝကျေးရွာတွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ဝမြို့မှ ဒေသခံတစ်ဦးက "ဘားဝမှာ စစ်တပ်စခန်းငယ်တစ်ခုရှိတယ်။ အဲ့ဒီတပ်စခန်းကို PDF က ဝင်တိုက်တယ်လို့ ကြားတယ် မနက် နာရီကနေ တိုက်ပွဲဖြစ်တာ ဒီမနက် နာရီလောက်မှာ ငြိမ်သွားတယ်"ဟု ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့်ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုလည်း မသိရသေးဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ် ဘားဝကျေးအတွင်း နေအိမ်အနီး လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲ၍ ဒေသခံကလေးမိခင် အမျိုးသမီးတစ်ဦး၏ တင်ပါး၌ ဒဏ်ရာရရှိသွားကာ ဆမီးဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားရသည်ဟု ဒေသခံများမှ သိရသည်။

ဆမီးမြို့မှ အမျိုးသားတစ်ဦးက "အဲဒီရွာက ကလေးအမေ အမျိုးသမီးတစ်ဦးတော့ တင်ပါးမှာ လက်နက်ကြီးကျည်စထိပါတယ်။ ဒဏ်ရာက သိပ်တော့ မစိုးရိမ်ရပါဘူး လက်ရှိ ဆမီးမြို့ဆေးရုံမှာပါ "ဟု ပြောသည်။

အဆိုပါလက်နက်ကြီးကျည်မှာ မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို  မသိရသေးဟုလည်း ဒေသခံများက ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ