Preview

မြန်မာစစ်တပ် ပြိုကွဲလုနီးပြီဟု NUG နိုင်ငံခြားရေး ဝန်ကြီး ဇင်မာအောင် ဂျပန် Nikkei Asia သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြား

ဒီဇင်ဘာ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1146
ပြည်တွင်း သတင်း

မကြုံစဖူးလက်နက်ကိုင်တော်လှန်ရေးနှင့် ရင်ဆိုင်နေ၇သော မြန်မာစစ်တပ်သည်ပြိုကွဲလုနီးပါးအခြေအနေ ရောက်ရှိနေပြီး လာမည့်အပတ်များအတွင်း ပြင်းထန်သော တိုက်ခိုက်မှုလှိုင်းလုံးများနှင့်ထပ်မံကြုံတွေ့၇မည် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဂျပန် နစ်ကေးအေးရှ (Nikkei Asia) သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားလိုက်သည်။

  မြန်မာစစ်ကောင်စီ နဲ့ စစ်သားတွေဟာသမိုင်းတစ်လျှောက် မကြုံစဖူး စိတ်ဓါတ်ကျဆင်းမှုအနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။ သူတို့မှာ အုပ်ချုပ်နိုင်စွမ်းမရှိတော့ပါဘူးဝန်ကြီးဒေါ်ဇင်မာအောင်က တိုကျို အီခဲဘူကူရိုရှိ NUG၏ ဂျပန် ဌာနချုပ်ရုံးခန်းထဲတွင် ပြောကြားခဲ့သည်။

 

ဘက်ပြောင်း ခိုလှုံလာသူတွေအများကြီးရှိနေပြီး စစ်ကောင်စီတပ်စခန်းတွေကလည်း လက်နက်ချဖို့အဆင်သင့် ဖြစ်နေပါတယ်ဟု သူမက ဆက်လက်ပြောဆိုသည်။

 

 စစ်တပ်ဟာ ပီဒီအက်ဖ်တွေရဲ့တိုက်ခိုက်မှုနဲ့ သူတို့အချင်းချင်းကြား မယုံကြည်မှုတွေကြောင့်ပြိုကွဲလု ပြိုကွဲခါနီး အခြေအနေရောက်နေပါပြီဝန်ကြီးဒေါ်ဇင်မာအောင်က အနာဂတ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစိတ်အပိုင်း တစ်ခုအဖြစ်ပရော်ဖက်ရှင်နယ်မဖြစ်သော စစ်တပ်နေရာတွင် ပြည်သူနှင့်အုပ်ချုပ်ရေးအဖွဲ့များကု် အကာအကွယ်ပေးသည့် စစ်တပ်နှင့် အစားထိုး၇မည်ဟုလည်းပြောကြားခဲ့သည်။



 

 ပရော်ဖက်ရှင်နယ်မဖြစ်တဲ့ဒီစစ်တပ်နေရာမှာ ပြည်သူ နဲ့ အဖွဲ့အစည်းတွေကိုအကာအကွယ်ပေးတဲ့စစ်တပ်နဲ့ အစားထိုး၇မယ်

 

စစ်တပ်တစ်ခုလုံးကိုဖျက်သိမ်းပစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲပစ်ရမှာကိုပြောတာပါ။ စစ်တပ်မှာ သူရဲကောင်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေလိုပါတယ်

 

NUG ၏နောက်ဆုံးရည်မှန်းချက်က ဘာလဲဟု မေးမြန်းခဲ့ရာတွင် ဝန်ကြီးဒေါ်ဇင်မာအောင်ကNUG သည်စစ်ကောင်စီ နှင့် တွေ့ဆုံစကားပြောရန် ငြင်းဆန်ခြင်းမရှိကြောင်း၊ ယခုချိန်မှာ တွေ့ဆုံဆွေးနွေးဖို့ ခိုင်မာသော ပတ်ဝန်းကျင် အခြေအနေမရှိသေးကြောင်းပြောကြားခဲ့သည်။

 

 တွေ့ဆုံဆွေးနွေးရေးအခြေခံသဘောတူညီချက်တွေ ရရှိအောင် လုပ်ပြီးရင် တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့ ကျမတို့ ပြင်ဆင်နေပါတယ်။

 

 ဒါတွေဖြစ်လာဖို့ဆိုရင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီက လိုက်နာဖို့လိုပါမယ်ဟု သူမက ပြောသည်။  

 

မြန်မာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်ကအာဆီယံခေါင်းဆောင်ကြီးများ ရှေ့မှောက်တွင် ဘုံသဘောတူချက် ၅ ရပ်ကို အကောင်အထည် ဖော်မည်ဟုကတိပြုခဲ့သည်။



 ထိုသဘောတူညီချက်များတွင်အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းလျှော့ချပြီး ပဋိပက္ခတွင်ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးကြရန်၊ အာဆီယံ အထူးကိုယ်စားလှယ် တစ်ဦးခန့်အပ်ရန်၊ အာဆီယံကလူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်အား အား မြန်မာနိုင်ငံသို့လာရောက်ခွင့်ပေးပြီး အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပေးရန်တို့ပါဝင်ပြီးNUG ကလက်ရှိထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား၂၀၀၀၀လွှတ်ပေးရန်တောင်းဆိုထားသည်။

 

NUG သည် ပြီးခဲ့သည့် လက ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နှင့် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အာမခံချက် မရရှိသရွေ့ စစ်ကောင်စီ နှင့် မည်သည့်စေ့စပ်ညှိနှိုင်းမှုမျှ ပြုလုပ်မည်မဟုတ်ဟု ကြေညာခဲ့သည်။

 

ဝန်ကြီးဇင်မာအောင်က အာဆီယံအပေါ် အလွန်မျှော်လင့်ချက်မထားသလို ၂၀၂၄ တွင် ဥက္ကဌဖြစ်လာမည့် လာအို ကိုလည်း မျှော်လင့်ချက်သိပ်မထားဟုဆိုသည်။ကျမအထင် လာအိုက အင်ဒိုနီးရှားဦးဆောင်မှုအောက်မှာ လုပ်ခဲ့တဲ့ လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်သွားမယ်ထင်ပါတယ်။ လာအိုအနေနဲ့လည်း သူ့စိတ်ကူးနဲ့သူ ရှိပါလိမ့်မယ်။ ကျမတို့ အနေနဲ့ တတ်နိုင်သမျှ အာဆီယံနိုင်ငံအားလုံးနဲ့ တတ်နိုင်သမျှထိတွေ့ဆက်ဆံသွားမှာပါဟု ဆိုသည်။

 

 မြန်မာနိုင်ငံတွင်ယခုဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားကို ပြောကြားရာတွင်-စစ်ကောင်စီကကျမတို့နိုင်ငံကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်တဲ့ အရည်အချင်းမရှိဘူးဆိုတာတရုတ်က သဘောပေါက်တယ်။ တည်ငြိမ်မှုမရှိရင် တရုတ်အနေနဲ့ စီးပွါးရေးဘယ်လိုလုပ်နိုင်မလဲဟုဖြေကြားခဲ့သည်။

 

 နောက်ဆုံးအနေနှင့်ဇင်မာအောင်ကစစ်တပ်က ဒီနိုင်ငံကို တည်ငြိမ်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှု ရှိအောင် မလုပ်နိုင်ဘူးဆိုတာအနှေးနဲ့အမြန် ကမ္ဘာ့နိုင်ငံတွေက သဘောပေါက်လာတော့မှာပါ။ ဒီနိုင်ငံအတွက်တစ်ခုတည်းသော နည်းလမ်းက ဒီမိုကရေစီ ပြန်လည်ရရှိဖို့ပါပဲဟုဖြေကြားခဲ့သည်။

 

NN-27

 Ref: Nikkei Asia

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.