မွန်ပြည်နယ်အခြေစိုက်နယ်မြေခံတော်လှန်ရေး မဟာမိတ် အဖွဲ့အစည်း (ရ) ခုသည် အတူပူးပေါင်းပြီး ပန်းတိုင်ရောက်သည်အထိလက်တွဲ မဖြုတ်ဘဲ ဆက်လက်တိုက် ပွဲဝင်သွားကြရန် သစ္စာရည်သောက် ဂတိပြုသည့် သစ္စာဓိဌာန်ပြုပွဲ အခမ်းအနားတစ်ကိုနိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။
၎င်းသစ္စာဓိဌာန်ပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာ၌ အဆိုပါနေ့ နံနက် ၉နာရီကပြုလုပ်ခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သစ္စာဓိဌာန်ပြုပွဲတွင် ပါဝင်ကြသည့်အဖွဲ့အစည်းများမှာ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျား တပ်ဖွဲ့ ဒေါနတပ်ခွဲ ၃ (YGF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ABSDF တပ်ရင်း(၁)၊ YDF၊ YAF၊ MSRO တို့ပါဝင်သည်။
၎င်းအဖွဲ့ (ရ) ဖွဲ့သည် ယခက်ကထက်ပိုပြီး ညီညီညွတ်ညွတ် စုစုစည်းစည်းဖြင့် ကွပ်ကဲမှု တစ်ခုတည်း (COC) အောက်တွင် စစ်ရေး လှုပ်ရှားမှုများကို ပန်းတိုင်ရောက်သည်အထိ လက်တွဲ မဖြုတ်ဘဲ ဆက်လက်တိုက် ပွဲဝင်သွားကြမည်ဟုကတိ သစ္စာရေသောက်ကာ အဓိဌာန်ပြုခဲ့ကြသည်ဟု သိ၇သည်။
မဟာမိတ်အင်အားစုများအနေဖြင့်မည့်သည့်အကြောင်းအရင်း၊ အခက်အခဲများကြုံတွေ့နေစေကာမှု မဆုတ်မနစ်တိုက်ပွဲဝင်သွားကြမည်ဖြစ်ပြီး ပြည်သူအားကိုးရမည့် တော်လှန်ရေးတပ်သားများအဖြစ်စည်းစနစ်တကျ တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ရန်သူကို ဘယ်တော့မှ ဒူးမထောက် အညံ့မခံဟု ဂတိပြုခဲ့ကြသည်ဟုလည်းသိ၇သည်။
အထက်ပါမဟာမိတ်အင်းအားစုများသည် မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း အခြေပြု၍ပေါ်ပေါက်လာသော တော်လှန်ရေး အဖွဲ့အစည်းများဖြစ်ပြီး လူထုလွတ် မြောက်ရေးအတွက်အဆုံးထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြည်သူများအား ထပ်မံကတိပြုထားသည်ဟုလည်း သိ၇သည်။
Ref and Photo: People’sSpring