Preview

မြန်မာစစ်ပြေးဒုက္ခသည်များအတွက် နယ်စပ်တစ်လျှောက် ခိုလှုံရေးစခန်းများ တည်ဆောက်ပေးရန်အသင့်ရှိနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ဒီဇင်ဘာ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :996
ပြည်တွင်း သတင်း

တစ်နေ့တခြားဆိုးရွားလာနေသောမြန်မာပြည်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာရသည့်မြန်မာ စစ်ပြေးဒုက္ခသည်များအတွက် နယ်စပ်တစ်လျှောက်တွင် ခိုလှုံရေးစခန်းများတည်ဆောက်ပေးရန် အသင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပန်ပရီး ဗဟိဒ္ဓ နုကာရာက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံကစစ်ပြေးဒုက္ခသည်များ လက်ခံရန်အသင့်ရှိသည်ဟု ပြောကြားလိုက်သလိုမြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို စောင့်ကြည့်နေပြီးပါဝင်နေကြသည့်အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြရန်လည်းတိုက်တွန်းခဲ့သည်။

“ လောလောဆယ် အခြေအနေမှာတော့ စစ်ပြေးတွေအလုံးအရင်းနဲ့ ဝင်လာဖို့ မရှိသေးပါဘူး။ဒါပေမယ့် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဒီထက် ထပ်တိုးလာမယ်ဆိုရင်တော့စစ်ပြေးတွေ နေရာပေါင်းစုံက ရောက်လာနိုင်တယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပန်ပရီးက ဆိုသည်။

သူကမြန်မာပြည်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများသည် ကြားခံစစ်ပွဲ ( proxy war ) တစ်ခုမဟုတ်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စနေနေ့က မြန်မာစစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များသည်မြ၀တီအနီး တိုက်ပွဲကြီးများ ဖြစ်ပွါးခဲ့ပြီးနောက်မြ၀တီမြို့တွင် စီးပွါးရေးသမားများနှင့် ကုန်တင်ကားများပိတ်မိနေခဲ့သည်။

ထိုင်းတတိယတပ်မတော် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန်းက လက်ရှိမြန်မာပြည်တွင်ဖြစ်ပေါ်နေသော တိုက်ပွဲများက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုသိပ်မရှိသေးကြောင်း၊ ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာပါကလည်း ကူညီရန်အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

 NN-27

ref:Bangkok Post

Photo by Benar News ( ပုံဟောင်း)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.