အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မန်တုံမြို့ကို TNLA သိမ်းပိုက်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 835

(မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ချက်တွင် တအာင်းပြည်နယ် တပ်မဟာ() စစ်ဒေသရှိ စစ်ကောင်စီ ဗျုဟာမှူး အခြေချကွပ်ကဲနေသည့် တပ်စခန်းများကို အလုံးစုံ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီဟု ဖော်ပြသည်။

မန်တုံမြို့နယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် ()ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်တွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင် တပ်စခန်း၊ .. တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာ ရုံးများအား  အလုံးစုံ သိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ၁၅၅ ဟောင်ဝစ်ဇာအမြောက် ()လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က မိုင်းလုံမြို့၊ နမ့်ဆန်မြို့နှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြို့အဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန်တုံမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၄၃)ကြိမ် Y12 လေယာဥ်ဖြင့် (၁၈၃)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် (၃၀)ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မန်တုံမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် (၁၃၇)ကြိမ် ထက်မနည်း မန်တုံမြို့တွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ရေးသားထားသည်။

မန်တုံမြို့ စခန်းသိမ်းတိုက်ပွဲ ()ရက်တာကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ( ၂၆၅)ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း (၁၀၃၈ )ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၁၃၇)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှလေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်၊ တစ်ရက် ပျမ်းမျ ဗုံးကြဲတိုက်ခိုက်မှု (၂၅၉)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြို့နယ် ဒေသခံ ()ဦး ဒဏ်ရာ ရရှိပြီး ဘာသာရေး အဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး လက်နက်ကြီးကျည်စထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် () လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။  (NN-7)

ဆက်စပ် သတင်းများ