ချင်းပြည်၊ တီးတိန်မြို့နယ်၊ Taingen စခန်းကို ဇန်နဝါရီ၁၆ ရက် နံနက်က ချင်းတော်လှန်ရေးတပ်ဖွဲ့ များမှ ပူးပေါင်းသိမ်းပိုက်လိုက်ပြီဟုသတင်းရရှိသည်
၎င်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ၂၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း The MindatPost သတင်းအရ သိ၇သည်။
Taingen စခန်းကိုCNA အပါအဝင် CDM-Siyin၊ CDF-KKG၊ CDF-Hualngoram၊ CDF-Zanniatram၊ CDF-Thantlang၊ CDF-Hakha၊ PDA စသည့် ချင်းပူးပေါင်းတပ်ဖွဲ့ကဇန်နဝါရီ ၁၂ မှာစတင် တို၊က်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်ဟု သိ၇သည်။
စခန်းသိမ်းတိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး၊ ရုပ်အလော၊င်းတွေ့ရှိခဲ့သည်ဟု ChinlandInformation Center တရားဝင် အတည်ပြုထုတ်ပြန်ထားသည်။