Preview

ကရင်ပြည်နယ်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီး ပစ်ချခံ၇ပြီး တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ဦးခန့် သေဆုံး

ဇန်နဝါရီ ၂၉/ ၂၀၂၄ | ကြည့်ရှုသူ :2563
ပြည်တွင်း သတင်း

ကရင်ပြည်နယ်၊စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံ၇ပြီး တပ်မ ၄၄ တပ်မှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ဦးခန့် သေဆုံးသွားခဲ့သည်ဟုကရင်သတင်းစဉ် ကေအိုင်စီတွင် သတင်းဖော်ပြသည်။

ယနေ့ မွန်းလွဲ ၂နာရီခွဲက မြ၀တီမြို့အနီး သင်္ဃန်းညီနောင်ရှိ ခြေမြန်တပ်ရင်း- ခမ၇(၃၅၅ )တွင် ကောင်စီ စစ်ရဟတ်ယာဉ် ပစ်ချခံ၇ခြင်းဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့ က စနိုက်ပါ လက်ဖြောင့်သေနတ်သမားက  ပစ်ခတ်ရာတွင်လေယာဉ်မှူးကို ထိမှန်သည့်အတွက် ယခုလို ရဟတ်ယာဉ်ပျက်ကျပြီး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်မြေပြင် သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းဖော်ပြသည်။

ပစ်ချခံရသည့်ရဟတ်ယာဉ်မှာ တပ်ချိန်းရန်လာသည့်ရဟတ်ယာဉ်ဖြစ်ပြီး  အဆိုပါ ၇ဟတ်ယာဉ်ပေါ်တွင် တပ်မဟာ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နှင့်အရာရှိ အချို့ လိုက်ပါလာခဲ့သည်ဟု  အဆိုပါ သတင်းတွင် ဖော်ပြထာသည်။

၎င်းစစ်ရဟတ်ယာဉ်သည် ခမ၇ ၃၅၅/၃၅၆ တပ်ရင်း ၂ခု နေရာ အကြား တောအုပ်အတွင်း ပျက်ကျကြောင်း သိရပြီး ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း သင်္ဃန်းညီနောင် ဒေသခံများက ပြောသည်။


ဓာတ်ပုံ:KIC/CJ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.