နှစ်ရက်ကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နက်ကျောက်ဆရီမြို့နယ် နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင်သေနတ်ပစ်ခတ်တိုက်ခိုက်မှုအသစ်များ ယနေ့ မွန်းလွဲပိုင်းတွင်စတင်ထပ်မံဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံဘက်ခြမ်းရှိသေနတ်သံများနှင့် မော်တာကျည်များ ပေါက်ကွဲသံများကို တောင်ပြို ဒေသတွင်ယနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ ထပ်မံကြားနေရကြောင်းနတ်ကျောက်ဆရီမြို့နယ်၊ ခေါင်းတုံးဒေသအုပ်ချုပ်ရေး အဖွဲ့ဝင် ShafiqulIslam ကပြောသည်။
ဤတိုက်ပွဲအခြေအနေသည်ကြာသပတေးနေ့ နံနက်အစောပိုင်းကတည်း စပြီးလွန်ခဲ့သော နှစ်ရက်အတွင်း ငြိမ်သက်သွားခဲ့ရာမှ ယနေ့စနေနေ့တွင် ထပ်မံပစ်ခတ်သံများကိုကြားခဲ့၇ခြင်းဖြစ်သည်။
“ အခု ထပ်ပြီး တိုက်ပွဲတွေဖြစ်ပွားလာတယ်” ဟု ၎င်းကဆက်ပြောသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ညဘက်တွင် ဖြစ်ပွားလေ့ရှိသည့် တိုက်ပွဲများသည် လက်ရှိ နေ့ခင်းဘက်တွင်စတင်ဖြစ်ပွားလာ၍ လုံခြုံမှုမရှိသလိုစိုးရိမ်ထိတ်လန့်မှုများ ခံစားနေကြ၇သည်ဟု ၎င်းက ဆိုသည်။
၇ခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (Arakan Army) တို့အကြားတိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၊ တောင်ပြိုမြို့ဥတာပါရာလမ်းကို ဖြတ်သန်းမောင်းနှင်လာစဉ် မော်တော်ယာဥ်သုံးဘီး CNG သုံးဘီးကား၏လေကာမှန် ကျည်ထိမှန်၍ကွဲသွားခဲ့ကြောင်းနယ်စပ် တောင်ပြိုဒေသတွင် နေထိုင်သူ တောင်ပြိုဒေသခံတစ်ဦးဖြစ်သူ မန်နူအူဒင်က ပြောသည်။
သို့ သော်လည်းအဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ၎င်းက ပြောသည်။
နယ်စပ်ဒေသ အုပ်ချုပ်ရေး အဖွဲ့ဝင် Shafiqul ကလည်းအဆိုပါသတင်းကို အတည်ပြုခဲ့သည်။
“မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတောင်ပြိုဈေးရှိ ဆိုင်မှ သေနတ်ပစ်ခတ်သံ ကျည်အတောင့် ၁၀၀ကျော်နဲ့ မော်တာကျည် ၃ လုံး ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း တောင်ပြိုဈေးမှ အထည်ချုပ်ဆိုင်ပိုင်ရှင် မူဟာမတ် ချာဖူအာလာမ်က ပြောသည်။
“ကြောက်ပြီးဆိုင်ကို ချက်ချင်းပိတ်ပြီး အိမ်ပြန်ခဲ့တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်လူများသည် ခေါင်းတုံးရှိ ဈေးဆိုင်များကိုပိတ်ထားလိုက်ကြသည်။
မကြာသေးမီရက်သတ္တပတ်များအတွင်းကမြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ အကြားတိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းကြောင့် ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့နယ်မှ ကော့စ်ဘဇားခရိုင် တက်ကနက်မြို့နယ်အထိ ဘင်္ဂလား-မြန်မာ နယ်စပ်တလျှောက်တွင်နေထိုင်ကြသည့် ပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။
လွန်ခဲ့သည့်ရက်အတော်ကြာတွင် ခေါင်းတုံး နယ်စပ်တစ်လျှောက် ဇီရိုမျဉ်းအနီးတွင် နေထိုင်သူရာပေါင်းများစွာသည် ကြောက်ရွံ့သဖြင့် အခြားနေရာများတွင် ပြောင်းရွှေ့နေနေကြသည်။
Ref: The Daily Star
ပုံစာ- ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်ညပိုင်းက ဘင်္ဂလာ- မြန်မာနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားရာမှ ထွက်ပေါ်လာသည့် မီးခိုးလုံးများ (ဖိုင်ဓာတ်ပုံ)/Somoy National Desk