Preview

ရှားတောမြို့အား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၀)ကျော်အား ချေမှုန်းသုတ်သင်နိုင်ခဲ့ဟု KNDF ထုတ်ပြန်

ဖေဖော်ဝါရီ ၁၆/ ၂၀၂၄ | ကြည့်ရှုသူ :1063
ပြည်တွင်း သတင်း

ကယား(ကရင်နီ)ပြည်နယ်၊ရှားတောမြို့အား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး ဗိုလ်မှူးကြီး၊ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆၀)ကျော်အား ချေမှုန်း သုတ်သင်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ (၁၅)ရက်တွင် ကရင်နီအမျိုးသားများ တော်လှန်ရေးတပ် (KNDF)မှ သတင်းထုတ်ပြန်ထားသည်။

ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့တွင်စစ်ကောင်စီတပ်နှင့် တစ်လနီးပါးတိုက်ပွဲဖြစ်ပွားပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်  အပြီးသတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ချက်တွင်ဖော်ပြထားသည်။

ဇန်နဝါရီလ(၁၅)ရက်နေ့မှစတင်ခဲ့သည့် ရှားတောမြို့အား တပ်ချနေရာယူ၍ပြည်သူများအား ဒုက္ခအမျိုးမျိုး ပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည့်ခမ၇(၄၂၈)၊ ခလ၇(၂၄၉) နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့၇ပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကိုချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်း သိ၇သည်။


ရှားတောမြို့အားအပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်းစစ်ကောင်စီ ထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နှင့် ဆက်သွယ်ရေးစက်များ၊ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိ၇သည်။

ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချ၍ပြည်သူလူထုများအားတိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KAKNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့၇သည်။

ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ခမ၇(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထား သော ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့်အရေးပါသော ကာကင်းစခန်းကုန်းများ ဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂)ကုန်းအားဇန်နဝါရီလ(၁၅)ရက်နေ့မှစ၍ မိမိတို့တပ်ပေါင်းစုမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇန်နဝါရီလ(၁ရ)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်းသိ၇သည်။

ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းအား မိမိတို့တပ်ဖွဲ့များမှဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ကြောင်းလည်းထုတ်ပြန်ထားသည်။

ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များ အတွင်း အခိုင်အမာ ခံစစ်ပြင်၍တန်ပြန်တိုက်ခိုက်နေခဲ့ပြီး မိမိတို့တပ်ဖွဲ့များမှ ပိတ်ဆို့ထားနိုင်ခဲ့ပြီးဗျူဟာကုန်းအား မိမိတို့ တပ်ဖွဲ့များမှ ဝန်းရံပိတ်ဆို့ထားစဉ်ကာလတစ်လျှောက်စစ်ကောင်စီတပ်ဖွဲ့ဝင် များအား ချေမှုန်းတိုက်ခိုက်ခြင်းများ မလုပ်သေးဘဲအကြိမ်ပေါင်းများစွာ ပြည်သူ့ဘက်သို့ ဘက်ပြောင်းခိုလှုံကြရန်၊ လက်နက်ချ၍အသက်ရှင်ခွင့်အားရယူကြရန် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့ဖက်မှ ခံစစ်ပြင်၍သာတင်းခံနေခဲ့ကြောင်းသိ၇သည်။

ဗျူဟာကုန်းအား စဉ်ဆက်မပြတ် ပိတ်ဆို့ထားချိန်တွင်ဖေဖော်ဝါရီလ(၄)ရက်နေ့၌ခလ၇(၂၄၉) တပ်ရင်းမှ အင်အား(၇၀)ကျော်ခန့်ကို၇ဟတ်ယာဉ်(၃)စီးဖြင့်စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းအား မိမိတို့တပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိ၇သည်

မိမိတို့တပ်ဖွဲ့များ၏ဝန်းရံပိတ်ဆို့ခြင်းခံထားရသော စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းအား လက်နက်ချ၍ဘက်ပြောင်းခိုလှုံရန်အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့်ဖေဖော်ဝါရီလ(၁၂)ရက် နေ့မနက်(၅)နာရီခွဲ အချိန်တွင် စတင်၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနက်(၈)နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအားအပြီးသတ်ချေမှုန်း သိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ် ကြောင်းသိ၇သည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့အား သိမ်းယူခဲ့သည့်တိုက်ပွဲများအတွင်းစစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော်လာရောက်တိုက်ခိုက်ခဲ့ကြောင်းလည်းသိ၇သည်။

ကရင်နီပြည်၊ ရှားတောမြို့ရှိ စစ်ကောင်စီ၏တပ်စခန်းများအားသိမ်းပိုက်ခဲ့သော တိုက်ပွဲများအတွင်း မိမိတို့ KNDF မှရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက်ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ်အစဉ်အမြဲလေးစား မှတ်တမ်းတင်ထားမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့အား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှအပြည့်အ၀ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းမိဘပြည်သူများအား အသိပေးလိုပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း လူတစ်စုကောင်းစားရေး အတွက် ဦးတည်သောအာဏာရှင်၏ အထောက်အပံ့များအဖြစ် ရပ်တည်ခြင်းမပြုဘဲ ပြည်သူ့ဘက်သို့ ယုံကြည်ရဲဝင့်စွာရပ်တည်၍ ဘက်ပြောင်းလာကြပါရန် လေးနက်စွာတိုက်တွန်းကြောင်း ကရင်နီအမျိုးသားများ တော်လှန်ရေးတပ်(KNDF) မှ သတင်းထုတ်ပြန်ထားသည်။NN-20/ ဓာတ်ပုံ- KNDF

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.