သဉ္ဇာနွယ်
မြန်မာနိုင်ငံတွင်တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၁၁ ရက်နေ့က စတင်ခဲ့ရာ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား ကျောင်းသူ အရေအတွက်မှာချင်းပြည်နယ်တွင်အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်ကြောင်း သိရှိ၇သည်။
တတိယအများဆုံးမှာ ပျက်ကွက်မှုမှာရှမ်းမြောက်ဖြစ်သည်။
စစ်ကောင်စီပိုင် သတင်းစာများက ရေးသားရာတွင် ချင်းပြည်နယ်တွင်၇၆ ဒသမ ၇၃ရာခိုင်နူန်း ပျက်ကွက်ခဲ့ပြီး၇ခိုင်ပြည်နယ်တွင် ၅၄ ဒသမ ၁၆ ရာခိုင်နှုန်းပျက်ကွက်ကာရှမ်းပြည်နယ် (မြောက်) တွင် ၃၀ ဒသမ ၆၀ ရာခိုင်နူန်း ပျက်ကွက်ခဲ့သည်ဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ရေးသားဖော်ပြသည်။
ချင်းပြည်နယ်တွင် ကျောင်းသား၅၇၉ ဦးနှင့် ကျောင်းသူ ၇၄၃ စုစုပေါင်း ပျက်ကွက်သူ ၁၃၂၂ ဦး ရှိပြီး ၇၆ ဒသမ ၇၃ ရာခိုင်နူန်းထိပျက်ကွက်ခဲ့သည်။
၇ခိုင်ပြည်နယ်မှ ပျက်ကွက်သူများမှာ ကျောင်းသား၄၄၆၃ဦးနှင့် ကျောင်းသူ ၅၆၁၂ဦး စုစုပေါင်း ပျက်ကွက်သူ ၁၀၀၇၅ ဦး ရှိပြီး ၅၄ ဒသမ ၁၆ရာခိုင်နူန်းပျက်ကွက်ခဲ့သည်။
ယင်းအပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှပျက်ကွက်သူစာရင်းမှာ ကျောင်းသား ၃၄၇ဦး ကျောင်းသူ ၅၂၆ စုစုပေါင်းပျက်ကွက်သူ ၈၇၃ ဦး ရှိပြီး ၃၀ ဒသမ ၆၀ ရာခိုင်နူန်းထိပျက်ကွက်သည်ဟု ထုတ်ပြန်ထားသည်။
၇ခိုင်ပြည်၊စစ်တွေတွင်လည်း စစ်ကောင်စီ၏လက်နက်ကြီးကျည်ပစ်
ယခုနှစ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့တွင် ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ် ပေါင်း(၂၈၅)မြို့နယ်၊စာစစ်ဌာနပေါင်း (၇၉၄)ဌာန ၊ စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းသူကျောင်းသား/ ကျောင်းသူ ( ၁၄၆၅၂၃ ) ဦး အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦးရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။