Preview

မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ် ငွေကျပ်သိန်း နှစ်ထောင်နီးပါး ဓားပြတိုက်ခံရ

မတ် ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :999
ပြည်တွင်း သတင်း

လူထက်နိုင်(ဒွာရာမြီ)/နိရဥ္စရာ ၊ မတ် ၂၅ / ၂၀၂၄

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း၊ ၃၁ နှင့် ၃၂လမ်းကြားရှိ KBZ ဘဏ် မတ် ၂၅ ရက် နံနက်ပိုင်းတွင် ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း နှစ်ထောင်နီးပါးကို ဓားပြတိုက် သူများမှ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

နံနက် ၁၁ နာရီ ကျော်အချိန်ခန့်တွင် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ခြင်းမရှိကြောင်းနှင့် စစ်ကောင်စီမှ လမ်းနဘေးရှိ CCTV များအားစစ်ဆေးနေကြောင်းဒေသခံများကဆိုသည်။

“ဟုတ်တယ်၊ကြားတယ်။ငွေဘယ်လောက်ပါသွားတာတော့မသိဘူး။စားဝတ်နေရေးကျပ်လာတော့ ဖြစ်လာကြတာ”ဟု မန္တလေးမြို့ဒေသခံအမျိုးသမီးတစ်ဦးမှ နိရဥ္စရာသို့ပြောသည်။

ချမ်းအေးသာစံမြို့နယ် မောရဂီဝါရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၄၆)အတွင်းသို့  အမည်မသိအမျိုးသား သုံးဦးမှ သေနတ်နှင့် ရဲဒင်းများ ကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ လူများအား ထောင့်တစ်ခုတွင် စုထိုင်ခိုင်းကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိ၇သည်။


အမည်မသိ အမျိုးသား(၃)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာရှိလာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကို သေနတ်ပြခြိမ်းခြောက်နေသည့် ဗွီဒီယိုဖိုင်သည်လည်းလူမှုကွန်ရက်တွင်ပျံ့နှံ့လျက်ရှိသည်။

ဓားပြတိုက်သူများသည် ဘဏ်တွင် ငွေထုတ်ပေးရန်ဆောင်ရွက်နေသည့် ငွေထည့်ထားသည့် ပီနံအိတ်များကို ယူဆောင်သွားခဲ့ကြောင်းသိ၇သည်။

မန္တလေး အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ် ဓားပြတိုက်မှုများ၊ ရွှေဆိုင်များကို လုယက်မှုများ အပါအဝင် အကြမ်းဖက် လုယက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိ၇သည်။

ကုန်ခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁ရရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နှင့်၇၃လမ်းကြားရှိ "အောင်"ရွှေဆိုင် တွင် ရွှေထည်ပစ္စည်း သိန်း (၁)သောင်း (၁)ထောင်ကျော်ဖိုး ဓားပြတိုက်ခံလိုက်ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးကြောင်း ဒေသတွင်းသတင်းများအရသိ၇သည်။


မတ်လ ၁၃ ရက်နေ့ကလည်း မုံရွာ အင်း၀ဘဏ် ဓားပြတိုက်ခံရပြီး မန်နေဂျာအမျိုးသမီးကို ဓားစာခံ ဖမ်းသွားကြောင်း ဒေသတွင်းသတင်းများအရသိ၇သည်။

ဘဏ်လုယက်မှု ဖြစ်စဉ်များသည် ၂၀၂၁ မှ ၂၀၂၂ အတွင်း အများဆုံး ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် တဖြေးဖြေး လျော့နည်းလာကြောင်း၊ ရွှေဆိုင်လုယက်မှုဖြစ်စဉ်များ ပိုမိုများလာခဲ့ပြီး ၂၀၂၂ မေလမှ ၂၀၂၄ ဖေဖော်ဝါရီလထိ လတိုင်း အနည်းဆုံး တစ်ကြိမ်ဖြစ်နေ ကြောင်း Data for Myanmar  မှထုတ်ပြန်ထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.