Preview

မြ၀တီမှ ထိုင်းသို့ ထွက်ပြေးသည့် စစ်ကောင်စီအရာရှိများနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက လေယာဉ်ဖြင့် မဲဆောက်လေဆိပ်မှလာခေါ်

ဧပြီ ၀၈/ ၂၀၂၄ | ကြည့်ရှုသူ :799
ပြည်တွင်း သတင်း

အိမ်စိုးဖြူ၊နိရဉ္စရာ၊ ဧပြီ ၈/၂၀၂၄

စစ်ကောင်စီလေယာဉ်တစ်စီးမှာ ထိုင်းနိုင်ငံမဲဆောက်မြို့ရှိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ဧပြီ ရ ရက်ည ၈နာရီခွဲက ဆိုက်ရောက်ပြီး မြ၀တီမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လာခေါ်ယူခြင်းဖြစ်ကြောင်းသိ၇သည်။

၎င်းလေယာဉ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်းMNA ATR 72-600 လေယာဉ်ဖြစ်ပြီးရန်ကုန်မြို့မှတဆင့် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာခဲ့သည်ဟု  ထိုင်းမီဒီယာလူမှုကွန်ရက်များ၏ ကနဦးရေးသားဖော်ပြချက်အရ သိရှိ၇သည်။

“ မြန်စစ်လေယာဉ်ဖြင့်  ကရင်ပြည်နယ်၊မြ၀တီမြို့နယ်မှ ပိတ်မိကျန်နေခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မဲဆောက်လေယာဉ်ကွင်း လာကြိုပြီး ယူဆောင်သွားခဲ့သည်” ဟု ရေးသားထားသည်။

၎င်းပိတ်မိကျန်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်နိုင်ရန်အတွက် ဧပြီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊မြန်မာနိုင်ငံသံရုံးမှတဆင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့စာတင်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိသင်္ဃန်းညီနောင်မှ စကခ ၁၂ လက်အောက်ခံ ခမ၇(၃၅၅၊ ၃၅၆၊ ၃၅ရ)တို့ကိုပြည်သူ့ကာကွယ်ရေးတပ်များက အပြီးတိုင်သိမ်းပိုက်လိုက်ပြီး ယမန်နေ့ ဧပြီလ ၆ရက်နေ့တွင် နောက်ဆုံးကျန်နေသည့်  ၂၇၅ တပ်ရင်းကလည်း အလံဖြူထောင်လက်နက်ချခဲ့သည်။

ယင်းနောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမဲဆောက်မြို့မှတဆင့် ပြန်လည်ကယ်ထုတ်ခဲ့ရခြင်းဖြစ်ကြောင်း ခိုင်မာသည့် စစ်ရေးအရင်းအမြစ်များမှ သိ၇သည်။

နောက်ဆုံးရရှိသော သတင်းအရ ပထဆုံးအသုတ်အနေဖြင့် မဲဆောက်လေဆိပ်ကတဆင့် ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့် အပါအဝင် အရာရှိ၂၀ နှင့် မိသားစုဝင် ၂၀ ၊ စုစုပေါင်း ၄၀ ဦးလိုက်ပါသွားကြောင်း သိရှိ၇ပါသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.