ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်းကြေညာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 318

ဂျွန်နသန်၊ နိရဉ္စရာ- ဧပြီ ၉/၂၀၂၄

စွမ်းအင်ကုမ္ပဏီ Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွားပြီးဖြစ်ကြောင်း ကြေညာသည်။

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီး Chevron သည်မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်းနှင့် ၄င်း၏ အစုရှယ်ယာများကို စစ်အစိုးရ၏MOGE နှင့် ထိုင်းနိုင်ငံမှPTTEP တို့ထံလွှဲပြောင်းရောင်းချခဲ့ပြီးဖြစ် ကြောင်းChevronမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတနင်္လာနေ့တွင် ပြောကြားလိုက်သည်။

Chevronသည်မြန်မာစစ်အစိုးရ၏အကြမ်းဖက်မှုနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက် ရှုတ်ချခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဟု လွန်ခဲ့သော နှစ်နှစ် ကျော်ကထုတ်ပြန်ကြေညာခဲ့သည်။

"မြန်မာနိုင်ငံမှထွက်ခွာတော့မယ်လို့ လွန်ခဲ့သော နှစ်နှစ် ကျော်က ကြေညာခဲ့ပြီးနောက် ယခု ကဲ့သို့ မြန်မာနိုင်ငံ နေ ထွက်ခွာသွား တာဖြစ်ပါတယ်"ဟုChevron မှ ပြောရေးဆိုခွင့်ရှိသူ က ပြောကြားသည်။

Chevron သည်၄င်း ၏ အစုရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံ၏ PTT တူးဖော်ထုတ်လုပ်ရေးနှင့် စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံသို့ လွှဲပြောင်းရောင်းချခဲ့သည်။ ယခုအခါ PTTEP ၏ အစု ရှယ်ယာသည် ၆၂.၉၆ ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

"၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းမှုအပြီး ဆက်လက်ဖြစ်ပွားနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံကနေ နှုတ်ထွက်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အခု ထို ရည်ရွယ်ချက်ကို အကျိုး
သက်ရောက် စေပါတယ်” ဟု သူက ဆက်လက် ပြောကြားခဲ့သည်။

ဆက်စပ် သတင်းများ