တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအပေါ် ဘက်မလိုက်ဘဲ ရပ်တည်လျက်ရှိကြောင်း၊ စစ်ဘေးရှောင် ၁ သိန်းခန့် ကို လက်ခံဖို့ ပြင်ဆင်ထားကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး က ပြောကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 225

ဂျွန်နသန်၊ နိရဉ္စရာ- ဧပြီ ၁၀ /၂၀၂၄

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအပေါ် ဘက်မလိုက်ဘဲ ရပ်တည်လျက်ရှိကြောင်း ၊စစ်ဘေးရှောင် ၁၀၀,၀၀၀ ခန့် ကို လက်ခံဖို့ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree က ယနေ့ တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံက ဘက်မလိုက်ဘဲ ယခင်အတိုင်း ဆက်လက်ရပ်တည်ရန် ကတိကဝတ် ပြုထားပါကြောင်းမြန်မာနိုင်ငံ တွင် ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ အတွက် ထိုင်းနိုင်ငံက လိုအပ်သည့် အကူအညီများ ပေးအပ်သွားမည်ဟု   ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က အထက်ပါအတိုင်း ပြောကြားသည်။



“မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ အဆုံးသတ်ဖို့ သက်ဆိုင် သူများအားလုံး စေ့စပ် ညှိနှိုင်းမှုများစတင်ကြဖို့   ကျွန်တော်တို့မြင်လိုစတဲ့ ဆန္ဒရှိပါတယ်" ဟု ထိုင်းဝန်ကြီးချုပ်က ကျင်းပသည့် အထူးအစည်းအဝေးပြီးနောက်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Parnpree ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင်အတွေ့အကြုံများကို အခြေခံ၍ ရွှေ့ပြောင်းဒုက္ခသည်များ ထိုင်းမြေပေါ်တွင် ခိုလှုံခွင့် ပေးရန် ပြင်ဆင်ထားကြောင်း၊ စစ်ဘေးရှောင် ၁၀၀,၀၀၀ ခန့် ကို လက်ခံဖို့ ပြင်ဆင်ထားကြောင်း၊ ထို အရေအတွက်ထက် ကျော်လွန်ပါက ထိုင်းနိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းထံမှ အကူအညီကို ရယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Source/Thai PBS

ဆက်စပ် သတင်းများ