ခိုင်လူလှ (ရိုးမမြေ) နိရဉ္စရာ၊ဧပြီ ၁၄/၂၀၂၄
မြန်မာအတာသင်္ကြန်နှစ်သစ်ကူးအချိန်ကာလတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန် ကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံရန်နှင့် မြန်မာပြည်သူများနှင့် အတူ တစ်သားတည်း ရှိကြောင်း ထုတ်ပြန်ပါသည်။
ထုတ်ပြန်ချက်ထဲတွင် “မြန်မာနှစ်သစ်ကူးသင်္ကြန်အခါသမယတွင် မြန်မာပြည်သူများ ကောင်းခြင်း မင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိပါကြောင်း အမေရိကန် ပြည်ထောင်စုကိုယ်စားမိမိပြောကြားလိုပါသည်”ဟု ပါရှိသည်။
သင်္ကြန်သည်နှစ်ဟောင်းကို ပြန်ပြောင်းဆင်ခြင်သည့် အခါသမယဖြစ်သကဲ့သို့ နှစ်သစ်ကိုမှန်းမျှော်ကြည့်ရန် အခွင့်အခါလည်းဖြစ်ပါသည်။ ကုန်လွန်ခဲ့သည် နှစ်ဟောင်းတွင်လည်းမြန်မာနိုင်ငံသည် ကံအကြောင်းမလှစွာ အရပ်သားပြည်သူများအပေါ်အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးဖိနှိပ်ချုပ်ခြယ်မှုများကိုဆက်လက်ကြုံတွေ့နေခဲ့၇ပါသည်။
စစ်မှုထမ်းဥပဒကို အသက်သွင်းရန်စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်က မြန်မာပြည်သူများ ရင်ဆိုင်နေကြရသည့်မြောက်များလှသည့် စိုးရိမ်သောကများနှင့် အခက်အခဲများကို ပိုမို ကြီးထွားစေပါသည်။
အကြပ်အတည်းကိုအဆုံးသတ်ရန် ကြိုးစားနေသူများနှင့် မြန်မာနိုင်ငံ၏ အများ ပါဝင်နိုင်သည့် ဒီမိုကရေစီ အနာဂါတ်အတွက် ကြိုးပမ်းနေသူများကိုမိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမည်။
စစ်တပ်၏အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများကို နှိပ်စက်ကလူပြုမှုများအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုများအတွက် မိမိတို့သံန္နိဋ္ဌာန် ထားလျက်ပင်ရှိပါသည်။
မြန်မာပြည်သူများသည်စဉ်းစားတွေးထင်ရန်မဖြစ်နိုင်လောက်သည့် ဒုက္ခသုက္ခများကို ရင်ဆိုင်အံတုရာတွင်ထူးချွန်ပြောင်မြောက်သည့် သူ၇သတ္တိနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကိုအကြိမ်ကြိမ်ပြသခဲ့ကြပါသည်။
လက်ရှိတွင်ပဋိပက္ခနှင့် ကြုံတွေ့နေကြ၇ငြား အဟောင်းမှအသစ်သို့ ကူးပြောင်းခြင်းတည်းဟူသောသင်္ကြန်အခါသမယသည် မြန်မာပြည်သူများအတွက် မျှော်လင့်ချက်အသစ်များ ဆောင်ကြဉ်းလာပါစေကြောင်းတောင်းဆု ပြုလိုက်ပါသည်ဟု ပါရှိသည်။