ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

မိခင်ဖြစ်သူအား အကျဉ်းထောင်မှ ပြောင်းရွှေ့လိုက်မှုသည် လူသားဒိုင်းအဖြစ် အသုံးပြုရန် မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာသော အကြံ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 464

နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၄

မိခင်ဖြစ်သူအား အကျဉ်းထောင်မှ ပြောင်းရွှေ့လိုက်မှုသည် လူသားဒိုင်းအဖြစ် အသုံးပြုရန် မြန်မာစစ်အစိုးရ၏ ရက်စက်ယုတ်မာသော အကြံ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က ပြောကြောင်း The Independent သတင်းကဖော်ပြသည်။

အကျဉ်းချခံထားရသော အသက် ၇၈ နှစ်အရွယ်ရှိ နိုင်ငံခေါင်းဆောင်ဟောင်းကို စစ်အစိုးရက နေပြည်တော်ရှိ အကျဉ်းထောင်မှ အမည်မသိနေရာအသစ်သို့ ခေါ်ဆောင်သွားခဲ့သည့်အတွက်  စိုးရိမ်နေသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ၎င်း၏မိခင်အား အကျဉ်းထောင်မှ  ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီလိုလားသူ တော်လှန်ရေးသမားများ၏ တိုက်ခိုက်လာမှုများမှ လူသားဒိုင်းအဖြစ် အသုံးပြုရန် ရက်စက်ကြမ်းကြုတ်သည့် လုပ်ကြံမှု ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

အကျဉ်းချခံထားရသော အသက် ၇၈ နှစ်အရွယ်ရှိ နိုင်ငံခေါင်းဆောင်ဟောင်းကို စစ်အစိုးရက နေပြည်တော်ရှိ အကျဉ်းထောင်မှ အမည်မသိနေရာအသစ်သို့ ခေါ်ဆောင်သွားခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များတို့၏ မဟာမိတ်များကို တပ်မတော်အနေဖြင့်  ကြီးမားသောကျရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူမ၏ လွှဲပြောင်းမှု သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွှေ့ပြောင်းရသည့် အကြောင်းရင်းမှာ အပူအန္တရာယ်မှ ကြိုတင် ကာကွယ်မှုဖြစ်ကြောင်း စစ်တပ်က အခိုင်အမာပြောဆိုသော်လည်း အတိုက်အခံ အင်အားစုများကို တွန်းလှန်ရန်အတွက် လူသားဒိုင်းအဖြစ်သုံးရန် ပြောင်းရွှေ့ခံရခြင်း ဖြစ်ကြောင် ၄င်း၏သားဖြစ်သူ ကင်မ်အဲရစ်က ယုံကြည်နေသည်။

သူမ ပြောင်းရွှေ့ရတဲ့ အကြောင်းရင်းတွေအတွက် ကျွန်တော် စိုးရိမ်ပါတယ်ဟု Mr Aris က The Independent သို့ ပြောကြားခဲ့သည်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဆိုတာထက်  တော်လှန်ရေး အင်အားစုတွေကစစ်အာဏာရှင်ဖယ်ရှားဖို့  ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေကနေ အကာအကွယ် ယူဖို့ ရွှေ့ပြောင်းလိုက်တာပါ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေဟာ တရားမျှတမှုနဲ့ လွတ်လပ်မှုကင်းမဲ့တာကို ဖော်ပြနေပါတယ်ဟုကင်မ်အဲရစ်က ပြောသည်။

 

Ref: The Independent

https://www.independent.co.uk/asia/southeast-asia/myanmar-jail-aung-san-suu-kyi-b2530160.html

ဆက်စပ် သတင်းများ