Preview

မြန်မာစစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရရှိအောင် ရုရှားလုပ် MiG-29၊ Su-30 တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက်နေ

ဧပြီ ၁၉/ ၂၀၂၄ | ကြည့်ရှုသူ :1924
ပြည်တွင်း သတင်း

(၂၀၂၃ နိုဝင်ဘာလမှယခုနှစ် မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း၅၈၈ ကြိမ်ပြုလုပ်ခဲ့ ထိုအထဲကငါးပုံတစ်ပုံမှာ ရက္ခိုင့်တပ်တော် ( AA) ခြေကုပ်ယူထားသော ပစ်မှတ်များဖြစ်ဟုဆို)

 နွေနေ၊ နိရဉ္စရာ၊  ဧပြီ ၁၉/၂၀၂၄

 

မြန်မာစစ်ကောင်စီသည်လက်လွှတ်ဆုံးရှုံးသွားသော နယ်မြေများအား ပြန်လည်ရရှိအောင်ရုရှားလုပ် MiG-29Su-30 နောက်ဆုံးပေါ် တိုက်လေယာဉ်များနှင့် Mi-35 တိုက်ခိုက်ရေး၇ဟတ်ယာဉ်များကို အသုံးပြုလျှက်ရှိသည်ဟုNikkei Asia သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။

 

ထိုင်းလေတပ်မှအရာရှိများသည် မြ၀တီနယ်စပ်တစ်လျှောက် ဗုံးကြဲတိုက်ခိုက်ရန် ပျံသန်းသွားသည့်မြန်မာစစ်တပ်၏ နောက်ဆုံးပေါ် ရုရှားလုပ် တိုက်လေယာဉ်များ နှင့်ရဟတ်ယာဉ်များကို ရေဒါတွင် မြင်တွေ့နေ၇သည်ဟု ဆိုသည်။

 

စစ်ကောင်စီသည်မြ၀တီအနီးရှိ တပ်စခန်းများကို လက်လွှတ်ဆုံးရှုံးလိုက်၇ပြီးနောက်ယခုကဲ့သို့ နောက်ဆုံးပေါ် တိုက်လေယာဉ်များအသုံးပြုတိုက်ခိုက်လာခြင်းဖြစ်သည်။

 

" ဧပြီလအစောပိုင်းကနှစ်ရက်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ၇ဟတ်ယာဉ်တွေဗုံးကြဲဖို့နဲ့ ရိက္ခာချဖို့ ၂၁ကြိမ် ပျံသန်းခဲ့တာတွေ့၇တယ်" ဟုယုံကြည်စိတ်ချရသည့် ထိုင်းစစ်တပ်အရာရှိတစ်ဦးက ပြောသည်။

 

 " ရွာတွေကိုဗုံးကြဲဖို့နဲ့ ရိက္ခာ၊လက်နက် သယ်ယူပို့ဆောင်ဖို့ ရုရှားလုပ်တိုက်လေယာဉ်နဲ့၇ဟတ်ယာဉ်တွေကို ထိုင်း-မြန်မာနယ်စပ် ၁၀ ကီလိုမီတာအကွာမှာ အသုံးပြုနေတာတွေ့၇ပါတယ်" ဟု သူက ပြောသည်။

 

ရုရှားလုပ်MiG-29 တိုက်လေယာဉ်နှင့် Mi-35 ရဟတ်ယာဉ်တို့ကိုကရင်ပြည်နယ်၊ မြ၀တီအား KNU ဦးဆောင်သည့်တော်လှန်ရေးတပ်များ မသိမ်းပိုက်မီ အချိန်က စ၍ အသုံးပြုခဲ့သည်ဟုဆိုသည်။

 

ယခုကဲသို့စစ်ကောင်စီက လေကြောင်းအင်အားအသုံးပြု တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်လင့်ထားကြောင်း၊စစ်ကောင်စီသည် စစ်ရှုံးလာလျှင် ယခုကဲသို့ ရက်စက်ကြမ်းကြုတ်စွာတုန့်ပြန်လေ့ရှိကြောင်း KNU ခေါင်းဆောင်တစ်ဦးက Nikkei သို့ပြောကြားခဲ့သည်။

 

 လွန်ခဲ့သည့်ငါးလအတွင်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ရုရှားလုပ် Yak-130 အပေါ့စား တိုက်ခိုက်ရေးနှင့်လေ့ကျင့်ရေးလေယာဉ်များ၊ ဘက်စုံသုံး Su-30 ဂျက်တိုက်လေယာဉ်များအသုံးပြုကာတော်လှန်ရေးအုပ်စုများကို တိုက်ခိုက်နေခဲ့သည်။

 

အမေရိကန်အခြေစိုက်Armed Conflict Location and Event Data Project အဖွဲ့၏ လေ့လာချက်အ၇ မြန်မာစစ်ကောင်စီသည် ၂၀၂၃ နိုဝင်ဘာလမှ ယခုနှစ်မတ်လအထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၈၈ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

 

အဆိုပါလေကြောင်းတိုက်ခိုက်မှုများအနက် ငါးပုံ တစ်ပုံမှာ ၇ခိုင်ပြည်နယ်တွင် တပ်စခန်းများ သိမ်းပိုက်နေသည့်ရက္ခိုင့်တပ်တော် ( AA) ခြေကုပ်ယူထားသော ပစ်မှတ်များဖြစ်သည်ဟုဆိုသည်။ ref: Nikkei Asia

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.