Preview

မြ၀တီမြို့အား ပြန်လည်ရရှိရန် “ အောင်ဇေယျ” အမည်ရှိ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြင့် လူအင်အား၊ လက်နက်အင်အား၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများ အသုံးပြုကာ နေ့ညမပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် အကျအဆုံးများနေ။

ဧပြီ ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :1742
ပြည်တွင်း သတင်း

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၂၃ / ၂၀၂၄

ကရင်ပြည်နယ်၊မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသော  စစ်ကောင်စီတပ်များအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ် ၁ စီး၊ စစ်သုံးကား ၂ စီး အပါအဝင် လက်နက်ခဲယမ်း များစွာ သိမ်းဆီး၇မိပြီး ဗိုလ်ကြီး (၁)ဦး နှင့် ဗိုလ်လေး တစ်ဦး အပါအဝင် (၆) ဦးသေဆုံးခဲ့ကြောင်း ဧပြီလ (၂၂) ရက်တွင် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုမှထုတ်ပြန်ထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းကာ ကော့ကရိတ်မှ မြ၀တီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ ဧပြီလ ၂၁ နေ့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး (၁) ဦး နှင့် ဗိုလ်လေး (၁) ဦး အပါအဝင် စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် (၁) စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် (၂) စီး၊ ပွိုင့်ဖွိုက် (၁) လက် အပါအဝင် လက်နက်ငယ် (၁၁) လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့ကြောင်းသိ၇သည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင်လည်း စခန်းအားစွန့်ခွာ၍ မြ၀တီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် (၂) အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလ၇-၂၇၅ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့်အတူ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးခဲ့ပြီး တပ်မ(၄၄) မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် (၃၀) ဦး နှင့်အထက် ဒဏ်ရာ၇ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြ၀တီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့်သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကျဲ ပစ်ခတ်လျှက်ရှိ နေကြောင်းသိ၇သည်။

ကေအဲယူန်ယူ - တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ရန် နေရာအနံ့ နေ့စဥ်နှင့်အမျှ နှစ်ဖက် တိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေသလို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရပြီး မြောက်များစွာသော လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့အားလည်း ၎င်းတို့ထံမှ သိမ်းဆည်းရ မိခဲ့ကြောင်းသိ၇သည်။

စစ်ရေးအရ ရှုံးနှိမ့်နေသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများနှင့် လေယာဉ်တို့ကို အားကိုးကာ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာများသို့ ရမ်းသမ်း၍သော်လည်ကောင်း ရည်ရွယ်ချက်ရှိရှိ သော်လည်ကောင်း လိုက်လံ ဗုံးကြဲပစ်ခတ်လျှက်ရှိကြောင်းသိ၇သည်။

ကေအဲန်ယူ−ဒူးပလာယာခရိုင်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ၏ ဗုံးကြဲပစ်ခတ်မီးရှို့ဖျက်ဆီးမှု နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခြင်းတို့ကြောင့် ပြည်သူလူထု အိုးအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူလူထုအမြောက်အများမှာလည်း အိုးအိမ်များကို စွန့်ခွာကာ အသက်ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရကြောင်းသိ၇သည်

ဓာတ်ပုံ - KNU

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.