Preview
Preview

လောက်ကိုင်တွင် MNDAA က လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် ငွေကြေးအဓမ္မတောင်းခံသည့် တပ်ဖွဲ့ဝင်များအပါအဝင် လူ(၁၀)ဦးကို ပထမဆုံးအကြိမ် လူထုရှေ့မှောက်တွင် သေဒဏ်ပေး

ဧပြီ ၂၅/ ၂၀၂၄ | ကြည့်ရှုသူ :3459
ပြည်တွင်း သတင်း

သဉ္ဇာနွယ်

နိရဉ္စရာ၊ဧပြီ ၂၅/၂၀၂၄

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် MNDAA က လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် ငွေကြေးအဓမ္မတောင်းခံသည့်  အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)  တပ်ဖွဲ့ဝင်များအပါအဝင် လူ(၁၀) ဦးကို ပထမဆုံးအကြိမ် လူထုရှေ့မှောက်တွင် သေဒဏ်ပေးလိုက်ကြောင်း သိရှိ၇သည်။

သေဒဏ်ပေးခံရသူအထဲတွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA မှ အသက် ၃၀ ကျော်အရွယ်ရှိကြသည့် ဒုတပ်ရင်းမှူးနှင့် ပြည်သူ့စစ် စစ်ကြောင်းမှူး တာဝန်ယူခဲ့သူများ ပါဝင်သည်ဟုယမန်နေ့ ဧပြီလ ၂၄ ရက်နေ့က  ၎င်းတို့၏ The Kokang လူမှု့စာမျက်နှာတွင် ရုပ်သံနှင့်တကွချပြလာခဲ့ခြင်းဖြစ်သည်။

သေဒဏ်ပေးရခြင်းမှာ "  ပြည်သူတွေအပေါ် ငွေကြေးအဓမ္မတောင်းခံတာ၊ ပြန်ပေးဆွဲတာတွေအပြင်လူသတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့်သေဒဏ်ပေးခြင်းဖြစ်သည်"  ဟု MNDAA တာဝန်ရှိသူများက မီဒီယာများတွင် ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့၇သည်။

ကိုးကန့်ဒေသ၊လောက်ကိုင်မြို့ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ်  ဒီဇင်ဘာ နှောင်းပိုင်းတွင် ကိုးကန့်တပ် MNDAA က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို ချမှတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိ၇သည်။

၎င်းတို့က ကိုးကန့်ဒေသအတွင်း လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ငွေကြေးအဓမ္မတောင်းခံမှု၊ ခိုးမှုတို့အပြင် အခြားပြဌာန်းထားသည့် ဥပဒေများကို ကျူးလွန်ပါက သေဒဏ်ချမှတ်ဖြစ်ကြောင်း လွန်ခဲ့သည့် ဇန်နဝါရီလအတွင်းက  တရားဝင်ကြေညာထားပြီးနောက် ပထမဆုံးအကြိမ် သေဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိ၇သည်။ 


မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.