Preview
Preview

မြ၀တီမြို့နယ်ဒေသစ်တဝိုက် အွန်လိုင်းလုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများအားလုံး ထွက်ခွာရန် BGF သတိပေးစာထုတ်

မေ ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1248
ပြည်တွင်း သတင်း

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မေ ၄ / ၂၀၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ဒေသတစ်ဝိုက်ရှိ အွန်လိုင်း(Oline) လုပ်ငန်းလုပ်ကိုင်နေကြသည့်နိုင်ငံခြားသားများအနေဖြင့် မေလ(၁)ရက်မှ အောက်တိုဘာလကုန်အထိ နောက်ဆုံးထားပြီး ထွက်ခွါသွားကြရန် နှင့် တရားမဝင် ဝင်ရောက်လာသူများ မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် ကရင်ပြည်နယ်၊နယ်ခြားစောင့်တပ်-BGF က မေလ(၃)ရက်၊ နေ့တွင် သတိပေးစာ ထုတ်ပြန်ထားသည်။

နိုင်ငံခြားသားများအနေဖြင့် မေလ (၁)ရက်နေ့မှ စတင်ပြီး အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထားကာမိမိနေထိုင်ရာ နေရာမှတစ်ဆင့် လာရာလမ်းအတိုင်း ထွက်ခွာပေး၇မည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်-BGF မှ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာတို့ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထို့သို့ထွက်ခွာ၇မည့်သူများတွင် ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်အပါအဝင် ရွှေကုက္ကိုလ်ဒေသ အတွင်းရှိအွန်လိုင်း (Online)ငွေကြေးလိမ်လည်လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသား များလည်း ပါဝင်ကြောင်းသိ၇သည်။

အဆိုပါ သတိပေးစာကြေညာချက်တွင် သတ်မှတ်ရက်ထက်ကျော်လွန်၍ နေထိုင်သော နိုင်ငံခြား သားများတွေ့ရှိပါက ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့မှ ထိရောက်စွာ အရေးယူအပြစ်ပေး ခြင်းခံရမည်ဟု ရေးသားဖော်ပြထားသည်။

မြ၀တီမြို့နယ်နှင့် ရွှေကုက္ကိုလ်ဒေသအတွင်း အွန်လိုင်း(Online)လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားစုစုပေါင်းတစ်သောင်းဝန်းကျင်အထိရှိနေပြီး သတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း မြို့နယ်အတွင်းမှ ထွက်ခွာသူများရှိနေပြီဖြစ်ကြောင်းလည်းဒေသတွင်း သတင်းများတွင် ဖော်ပြထားကြသည်။

အွန်လိုင်းလုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားများ ထွက်ခွါပေးရန် သတိပေးစာထုတ် ပြန်လိုက်သော်လည်းမြ၀တီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင်မူ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ပြန်လည်လည်ပတ်ရန် လူသစ်များထပ်မံခေါ်ယူမှုများ ပြုလုပ်နေသလို ရှမ်းပြည်နယ်ဘက်မှ လုပ်ငန်းရှင်တရုတ်နိုင်ငံသားအချို့ပြန်လည် ဝင်ရောက်လာမှုများရှိသည်ဟု ဒေသတွင်းသတင်းများတွင် ဖော်ပြထားကြသည်။

ဓာတ်ပုံ- KIC

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.