Preview

ထိုင်းတွင် နိုင်ငံခြားသားများ ကွန်ဒိုအခန်းဝယ်မှု၊ မြန်မာက ရုရှားကို ကျော်တက်ကာ ဒုတိယအများဆုံးဖြစ်လာ

မေ ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :1533
ပြည်တွင်း သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၄

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများ ကွန်ဒိုအခန်းဝယ်မှုတွင် မြန်မာက ရုရှားကိုကျော်တက်ကာ ဒုတိယအများဆုံး ကွန်ဒိုအခန်းဝယ်ယူသည့် နိုင်ငံဖြစ်လာသည်။

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများ ကွန်ဒိုအခန်းဝယ်ယူမှုတွင်တရုတ်နိုင်ငံသားများက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားများက ရုရှားကိုကျော်တက်ကာ ဒုတိယအများဆုံး ကွန်ဒိုအခန်းဝယ်ယူသည့် နိုင်ငံဖြစ်လာကြောင်းTheNation ကဖော်ပြချက်အရ သိ၇သည်။

ထိုင်းနိုင်ငံ၏အိမ်ခြံမြေဈေးကွက်တွင်ယခုနှစ်ပထမသုံးလပတ် (ဇန်နဝါရီလမှ မတ် လထိ)တွင်စုစုပေါင်း ဘတ် (၁၈.၀၂)ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်းပေါင်း(၃၉၃၈)ခန်း ကို နိုင်ငံခြားသားများက ဝယ်ယူခဲ့ကြရာတွင်မြန်မာနိုင်ငံသားများက အခန်းပေါင်း (၃၉၂) ခန်း၊ဘတ်ငွေ (၂ .၂၁) ဘီလီယံဖြင့်ဒုတိယအများဆုံးဖြစ် သည်။

နိုင်ငံခြားသားများသို့ရောင်းချသည့် ကွန်ဒိုအခန်းအရေအတွက်သည် ယမန်နှစ် ကာလတူထက်၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် တန်ဖိုးပမာဏသည် ၅ ဒသမ ၂ ရာခိုင်နှုန်းအသီးသီး မြင့်တက်ခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက် အလက်စင်တာ က မေလ(၁၆)ရက် တွင်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင်နိုင်ငံခြားသားများကွန်ဒိုအခန်းဝယ်ယူမှုတွင် တရုတ်နိုင်ငံသားများက အခန်းပေါင်း (၁၅၉၆)ခန်း၊ဘတ်ငွေ(၄.၅ရ)ဘီလီယံ ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ၊မြန်မာနိုင်ငံသားများက အခန်းပေါင်း (၃၉၂) ခန်း၊ဘတ်ငွေ (၂ .၂၁)ဘီလီယံ ဖြင့်ဒုတိယအများဆုံးနှင့် ရုရှားနိုင်ငံသားများက (၂၉၅)ခန်း၊ဘတ်ငွေ(၉၂၄)သန်းဖြင့်တတိယ အများဆုံး ဖြစ်ကြောင်းအိမ်ခြံမြေသတင်းအချက် အလက်စင်တာ ကပြောဆိုသည်။Source/ The Nation

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.