(မြန်မာကို ကူညီရန်အမေရိကန် သည် အာဆီယံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်)
နိရဉ္စရာ၊ မေ ၂၉/၂၀၂၄
နိုင်ငံရေးအကျဉ်းသားများကိုအမြန်ဆုံးပြန်လွှတ်ပေးရန် နှင့် အကြမ်းဖက်မှုများရပ်တန့်ရန်မြန်မာစစ်အစိုးရကို အမေရိကန်က တိုက်တွန်းပြောကြားလိုက်သည်။
(၃၆) ကြိမ်မြောက်အာဆီယံ-အမေရိကန် ဆွေးနွေးပွဲတွင် မတရားဖမ်းဆီးခံထားရသူတွေကိုပြန်လွှတ်ပေးဖို့အမေရိကန်က မြန်မာစစ်အစိုး၇ကို အထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ အဆိုအရ စစ်အစိုး၇သည် လူပေါင်း ၅၁၄၈ ဦးကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း၂၀၄၉၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အာဏာသိမ်းပြီးကတည်းကလူပေါင်း ၂.၃ သန်းကျော် သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့၇သည်။
အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးDaniel Kritenbrink ကမေလ၂၄ရက်က ဝါရှင်တန်တွင်ကျင်းပခဲ့သည့် ဆွေးနွေးပွဲအတွင်း အကြမ်းဖက်မှု မျိုးစုံကို အဆုံးသတ်ရန်၊မတရား ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှု အကူအညီများလိုအပ်နေသူများထံ ပေးအပ်နိုင်ရေးအတွက် အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန် စစ်အစိုး၇အားတိုက်တွန်းထားသည်။
မြန်မာနိုင်ငံကိုပံ့ပိုးကူညီရန် ဝါရှင်တန်သည် အာဆီယံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းKritenbrink က အလေးပေးပြောကြားခဲ့သည်။
စစ်တပ်ကအာဏာသိမ်းမှုအပြီးတွင် အာဆီယံသည် မြန်မာနိုင်ငံတွင် ပြင်းထန်နေသော အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဘုံငါးချက်သဘောတူညီမှုဟုလူသိများသော ငြိမ်းချမ်းရေးအစီအစဉ်ကိုချမှတ်ခဲ့သည်။
အဆိုပါအစီအစဉ်သည် အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန် ပါဝင်သည်။
သို့ရာတွင်စစ်အစိုးရသည် ၎င်း၏ ကတိကဝတ်များကို လေးစားလိုက်နာရန် ပျက်ကွက်ပြီး ဆိုးရွား ကြမ်းတမ်းသည့် အကြမ်းဖက်မှုများကို ဆက်လက် လုပ်ဆောင်နေသောကြောင့် အဆိုပါ အစီအစဉ်သည် ထိရောက်မှုမရှိသည့်အတွက် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့၇သည်။
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံတွင်မငြိမ်မသက်မှုများ နှင့် အကြီးအကျယ် ရင်ဆိုင်နေ၇သည်။Source/Dhaka Tribune and Constitution Net