တနင်္လာ၊ ဇူလိုင်လ ၁ရက်၊ ၂၀၂၄

နောင်ချိုမြို့ ခမရ (၁၁၅)တပ်စခန်းကို TNLA နှင့် MDY-PDF တို့ တိုက်ခိုက်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 453

(စစ်ကောင်စီ လက်နက်မျိုးစုံ ၄၀၀ နီးပါးသိမ်းဆည်းရမိ)

လူထက်နိုင် (ဒွါရာမြီ) နိရဉ္စရာ၊ ဇွန်လ ရက်/၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၁၁၅ စခန်းမှ လက်နက်မျိုးစုံ  ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း တအာင်းအမျိုးသားတပ်မတော် (TNLA) က ယနေ့  ဇွန်လ (၂၈) ရက်တွင် သတင်းထုတ်ပြန်သည်။

တအာင်းပြည် တပ်မဟာ () စစ်ဒေသ နောင်ချိုမြို စစ်ကောင်စီ၏ (၁၁၅)တပ်စခန်းအား တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲတို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ (၃၅၀) ကျော် သိမ်းပိုက်ရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 (၂၄)လက်၊  MA-2(၁၃)လက်၊ MA-3(၃၆)လက်၊  MA-4()လက်၊  M22()လက်၊ G3(၁၀)လက်၊ ရိုင်ဖယ်သေနတ် (၁၀၃)လက်၊ ကာဘိုင်သေနတ် (၁၅၉)လက် စက်လက်အသေး (၁၁)လက်၊ MA-15 (ငါးဂျင်းမီး) ()လက်၊ 0.5 ()လက်၊ M79 ()လက်၊ ၈၁ မမ ()လက်၊ ၈၁ မမ (နောက်ပွင့်) ()လက်၊ RPG-7 ()လက်၊ ၆၀မမ ()လက်၊ ပြောင်းသေး ၆၀ မမ (၁၀)လက်လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော် RPG, 60/80 mm ကျည်အမျိုးမျိုး ၅၀၀ ကျော် ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဇွန်လ (၂၆)ရက်နေ့ နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ (၅၀) ကျော်ကိုလည်း သိမ်းဆည်းရမိထားသည့်အပြင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲဝင် (၁၇)ဦးနှင့်အတူ လက်နက်မျိုးစုံ (၅၀)ကျော်ပါ သိမ်းဆည်းရမိထားကြောင်းသိရသည်။

ဆက်စပ် သတင်းများ