Preview

မောင်တောရှိ ICRC ဂိုဒေါင်ကို စစ်သာများဖောက်ထွင်းပြီး ပစ္စည်းများကို အပြင်တွင်ရောင်းချနေကြောင်း သတင်းများထွက်ပေါ်

ဇူလိုင် ၀၄/ ၂၀၂၄ | ကြည့်ရှုသူ :1021
ပြည်တွင်း သတင်း

(ထိုဂိုဒေါင်သို့ ICRC ဒေသတာဝန်ရှိသူများအား သွားရောက်စစ်ဆေးခွင့် စစ်ကောင်စီပိတ်ပင်ထား)

နောင်မင်းသူ၊နိရဉ္စရာ၊ ဇူလိုင် ၄ ရက်/၂၀၂၄

ရခိုင်ပြည်နယ်၊မောင်တောမြို့၊မြို့မကညင်တန်းရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ ကုန်ပစ္စည်း သိုလှောင်ရုံ ဂိုဒေါင်အား အားစစ်ကောင်စီတပ်သားများမှ  ဖောက်ထွင်း ခိုးယူအပြီး အပြင်တွင် ရောင်းချမှုများရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။ 

ICRC ရုံးမှ ဒေသတာဝန်ရှိသူများအား အဆိုပါ ဂိုဒေါင်သို့  သွားလာစစ်ဆေးခွင့်အား စစ်ကောင်စီတပ်မှ ပိတ်ပင်ထားကြောင်း ဒေသ တာဝန်ရှိသူများထံမှသိ၇သည်။

"စစ်တပ်က ဂိုဒေါင်နားမှာတပ်စွဲထားတာ။ အဖောက်ခံရတာဟုတ်မဟုတ် ICRC ရုံးကဝန်ထမ်းတွေ သွားရောက်ပြီး ကြည့်ရှု စစ်ဆေးခွင့်ကိုစစ်တပ်က သွားခွင့်မပေးဘူး။ စစ်တပ်ကICRCဂုံတင်အနီးက ဘင်္ဂလား ဘုန်းတော်ကြီးကျောင်းနဲ့ လူကယ်ပြန်ရုံးတွေမှာစခန်းချထား ကြတာ။ ဘယ်လိုမှသွားမ၇ဘူး" ဟု  ICRC ဝန်ထမ်း တဦးကပြောကြားသည်။

ICRC၏ သိုလှောင်ရုံ ဂိုဒေါင်အား ဇွန်လ ၂၈ ရက်နေ့က၎င်းဂိုဒေါင် အနီး စခန်းချနေထိုင်နေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖောက်ထွင်းကာ ဂိုဒေါင်မှ အခြေခံစား သောက်ကုန်များနှင့် လက်နှိပ်ဓါတ်မီး၊ ဘက်ထရီအိုး၊မီးသွေး၊ စားသုံးဆီ၊ တာပေါ်လင်စသည့်ပစ္စည်းများအား ယူဆောင်ကာ မောင်တောမြို့ပေါ်ရှိ ပြည်သူများအား ဈေးချိုသာစွာဖြင့် လိုက်လံ ရောင်းချခဲ့ကြကြောင်း မောင်တောဒေသခံများကပြောဆိုသည်။

"ငါးစည်၊ အမဲသားစည်တစ်ဗူးကို ၃၀၀၀ ကျပ်၊ မျှစ်နဲ့ပဲစည်သွပ်ဗူးတစ်ဗူးကို၂၀၀၀ ကျပ်နဲ့ မွတ်ဆလင် လူငယ်တွေ မြို့ပေါ်ကဈေးတွေနဲ့ လူနေရပ်ကွက်တွေမှာ လည်ပတ်ပြီး ရောင်းချနေကြတာ။ ကျွန်မတို့က မေးတယ်။ မင်တို့ကို ဘယ်သူတွေရောင်းခိုင်းတာလဲဆိုတော့ စစ်သားတွေ ရောင်းခိုင်းတာလို့ ပြောကြတယ်။ နောက်ပြီးဈေးဆိုင်တွေမှာ WFPတံဆိပ်ပါတဲ့ စားသုံးဆီ တစ်လီတာကို၉၅၀၀ ကျပ်နဲ့ ဝယ်ယူလိုက်ရတာလည်း ရှိတယ် "ဟု  မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ညောင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ တပ်နောက်ဆုတ်လာကြသည့် စစ်ကောင်စီတပ်များICRC ဂုံတင်အနီးရှိBAJ ရုံးအပါအဝင်လူကယ်ပြန်ရုံး၊ ဘင်္ဂလားဘုန်းကြီးကျောင်း စသည့် နေရာများတွင် စခန်းချနေကြသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ဇွန်လ ၂၀ ရက်နေ့မှစပြီး ICRCဂိုဒေါင်ရှိ နေ့စောင့်/ ညစောင့်ဝန်ထမ်းများမှ ဂိုဒေါင်အားသော့ခတ်ထားခဲ့ကြပြီး လုံခြုံရာတွင် နေထိုင် နေခဲ့ကြသည်ဟု  ဝန်ထမ်းများကပြောဆိုသည်။

" ဂိုဒေါင်မှာ ဆန်တွေမရှိတော့ပါဘူး။ အစကတည်းကWFPကိုလွဲပေးလိုက်ပြီ။ ဂိုဒေါင်မှာ  ကျန်နေတာက ရိက္ခာခြောက်တွေ၊အသား၊ငါးစည်သွပ်ဗူး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲစည်သွပ်ဘူးတွေ၊  နောက်ပြီး အိမ် အသုံးအဆောင်တွေဖြစ်တဲ့လက်နှိပ်ဓါတ်မီး၊ ဘက်ထရီအိုး၊ မီးသွေး၊စားသုံးဆီ၊ တာပေါ်လင်စတဲ့ ပစ္စည်းတွေဘဲရှိနေတာ"လို့ပြောဆိုသည်။

လက်ရှိတွင် အဆိုပါပစ္စည်းများကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီးအပြင်တွင် ရောင်းချနေကြောင်း ဒေသခံများက ပြောကြားသည်။ 

ထိုသို့ICRC ဂိုဒေါင်ရှိ ရိက္ခာပစ္စည်းများအားဖောက်ထွင်းခိုးယူ ရောင်းချအပြီး ICRC ရုံးဝန်ထမ်းများ ထိုဂိုဒေါင် သို့သွားရောက်ကြည့်ရှုခွင့်အား စစ်တပ်မှတားဆီးထားခြင်း ဖြစ်သည်။ (ဓာတ်ပုံ- Shutter Stock)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.