(ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုယခုနှစ်ကုန်ပိုင်းမှာ စတင်နိုင်ဖို့ လျာထားဟုဆို)
နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၄
တရုတ်နိုင်ငံ ရှန်းဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (ဇူလိုင် ၈-၉)သို့ တက်ရောက်ခဲ့သည့် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများလုံခြုံရေး အပြည့်အ၀ ရရှိရေးအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြသည်ဟု BETV သတင်းအရ သိ၇သည်။
၎င်းဆွေးနွေးပွဲကိုတရုတ်နိုင်ငံ ချင်းတောင်မြို့က Qingdao International Conference Center မှာ ကျင်းပခဲ့ပြီးမြန်မာဘက်က နစကဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့သည်။
တရုတ်ဘက်ကတော့တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ရှန်တုန်းပြည်နယ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ရဲ့ အိမ်နီးချင်းကောင်း၊မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့ကြသည်ဟု သိ၇သည်။
“ မြန်မာနိုင်ငံမှာအကောင်အထည် ဆောင်ရွက်သွားဖို့ရှိတဲ့ စီမံကိန်းလုပ်ငန်းများအတွက်လုံခြုံရေးအပြည့်အ၀ရရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကိုတရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်”ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။
တရုတ် အစိုးရအနေဖြင့် စစ်ကောင်စီ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီးနိုင်ငံအတွင်းက လုပ်လက်စ တရုတ်စီမံကိန်းမျာ ကို အမြန်ဆုံးပြီးစီးရေးနှင့် ထပ်မံဖော်ဆောင်မည့် စီမံကိန်းအသစ်များကိုအမြန်ဆုံး စတင်နိုင်ရေး ဆွေးနွေးလျက်ရှိနေသည်ဟု ဆိုသည်။
တရုတ်မှ မြန်မာတွင် ရင်းနှီးမြုပ်နှံထားသည့်စီမံကိန်းများ အထဲက ထင်ရှားသည့် စီမံကိန်းတစ်ခုဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကိုယခုနှစ်ကုန်ပိုင်းမှာ စတင်နိုင်ရန် လျာထားကြောင်း သိ၇သည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး- BRI ၏ အစိတ်အပိုင်းလည်း ဖြစ်ပြီး ယခင်သဘောတူညီချက်များ အ၇စီမံကိန်းအတွက် ကန်ဒေါ်လာ၁.၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ထားသည်ဟုဆိုသည်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ၏တရုတ် ခရီးစဉ်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်း လောင်းကစားမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ သတင်းအချက်အလက်ဖယှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၆ ရက်နေ့ကတရုတ်သို့ ထွက်ခွာသွားပြီး ၉ ရက်နေ့တွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသည်ဟု သိ၇သည်။
(ဓာတ်ပုံ- ၇ခိုင်ပြည် အမ်း- မင်ဘူး ကားလမ်းဘေး ရိုးမတောင်ပေါ်တွင်ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်လူမျိုးများနေထိုင်ရာ အဆောက်အဦများ)