Preview

မတ္တရာမြို့ရှိ Alpha ဘိလပ်မြေစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်

ဇူလိုင် ၁၇/ ၂၀၂၄ | ကြည့်ရှုသူ :761
ပြည်တွင်း သတင်း

(မတ္တရာမြို့နယ်အတွင်းရန်သူ့တပ်စခန်းအရေအတွက် (၂၈) ခုထိ သိမ်းပိုက်ရရှိခဲ့ပြီဖြစ်)

နိရဉ္စရာ၊ ဇူလိုင် ၁၇/ ၂၀၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ Alphaဘိလပ်မြေစက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ သိမ်းပိုက်လိုက်ပြီဟုသတင်းရရှိသည်။ 

စစ်ဦးစီးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဇူလိုင် ၁၆ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် မတ္တရာမြို့နယ်ရှိAlpha ဘိလပ်မြေစက်ရုံတပ်စခန်းနှင့် တောင်တံငါ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။

ယခုအခါမတ္တရာမြို့နယ်အတွင်း ရန်သူ့တပ်စခန်းအရေအတွက် (၂၈) ခုထိ သိမ်းပိုက် ရရှိခဲ့ပြီဖြစ်သည်ဟု ဆိုသည်။


၎င်းအပြင်မတ္တရာမြို့နယ်အတွင်းရှိ ကျောက်တံတား တပ်စခန်းတွင်လည်းတိုက်ပွဲပြင်းထန်လျက်ရှိပြီး အပြီးသတ်သိမ်းပိုက်ရရှိရန် တိုက်ပွဲဝင်လျှက် ရှိကြောင်းဖော်ပြသည်။

မတ္တရာစစ်ဆင်ရေးများတွင်ရန်သူ့ လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများလည်း ထပ်မံ သိမ်းဆည်းရရှိထားသည်ဟု ဆိုသည်။

ထူးခြားဖြစ်စဉ်အနေဖြင့်စကစတပ်ဖွဲ့ဝင်များသည် Alpha ဘိလပ်မြေစက်ရုံတပ်စခန်းမှ ဆုတ်ခွါပြေးရာတွင်စက်ရုံအဆောက်အဦးများကို မီးရှို့သွားခဲ့ကြောင်း တွေ့ရှိ၇ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.