(လားရှိုးမြို့အဝင်မုဒ်ဦးအနီး ခလ၇(၄၁)တပ်ရင်းဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေ)
နိရဉ္စရာ၊ ဇူလိုင် ၂၀/ ၂၀၂၄
လေးရက်ကြာအပစ်ရပ်ကြေညာမှု ပြီးဆုံးသွားပြီတဲ့နောက် ကိုးကန့်တပ် (MNDAA) သည် လားရှိုးမြို့ နေရာ ၄ ခုအား ဇူလိုင် ၁၉ ရက် နံနက်က စတင်ပြီး အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။
၎င်းနေရာ ၄ ခုမှာ လားရှိုးမြို့အဝင် မုဒ်ဦးအနီးရှိ ခလ၇ (၄၁) အပါအဝင် ရန်တိုင်းအောင်၊ ချယ်ရီမြိုင်နှင့် မြို့အဝင် အေဒီဂိတ်တို့ဖြစ်ကြပြီး တစ်ပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသအတွင်း သတင်းများအရသိ၇သည်။
ကိုးကန့်တပ်မတော်(MNDAA)က လေးရက်ကြာအပစ်ရပ်ကြေညာမှု ပြီးဆုံးသွားပြီးနောက် ယခုတိုက်ခိုက်မှုကိုပြန်လည်စတင်ခဲ့ခြင်းဖြစ်ကာ အဓိက ခလ၇ (၄၁) ကို ဦးတည် တိုက်ခိုက်နေသည်ဟု ဒေသတွင်း သတင်းများတွင်ဖော်ပြသည်။
ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ထဲမှာ ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မနက်ကစပြီး လက်နက်ကြီးတွေ ဆက်တိုက်ကျနေသည်ဟု သိ၇သည်။
"လားရှိုးအဝင်ရန်တိုင်းအောင်နားတစ်ဝိုက်က ဌာနဆိုင်ရာရုံးတွေပဲလေ။ ကညန၊ EPC ၊ မော်တော်ပီကယ်၊စက်မှုကြီးကြပ်၊ လ၀က၊ ထွေအုပ်တစ်ဆက်တည်းပဲလေ၊ ကျွန်မတို့ အိမ်အကျော်ဘက်ကို ရောက်လာနေပြီ။အဆရ(အဆင့်မြင့် ဆက်သွယ်ရေးတပ်) ၇၁၇ ဘက်လည်း ဖြစ်နေတယ်။အိမ်ထောင်သည်လိုင်းခန်းတွေ ပွင့်ထွက်ကုန်ပြီ"ဟု လားရှိုးမြို့ခံအမျိုးသမီးတစ်ဦးကို ကိုးကားပြီး ရွှေဖီမြေသတင်းတွင် ဖော်ပြသည်။
လားရှိုးမြို့တွင်းကိုMNDAA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး MNDAA တပ်များက တောက်လျှောက် တိုးဝင်လာနေပြီးစစ်ကောင်စီတပ်ကလည်းလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကြဲနေပြီးနှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေကြောင်း သိရှိ၇သည်။
ရန်တိုင်းအောင်ထဲကိုးကန့်တပ်က ဝင်ထိုင်နေပြီး ချယ်ရီမြိုင်ကုန်းကနေ နားမခေါ် ကားဝန်းထဲတွင် ရှိနေသည့် စကစများကို လက်နက်ကြီးဖြင့် လှမ်းထုနေပြီး ၎င်းကုန်းတွင် အပြန်အလှန်ပစ်ခတ် နေကြသလို မန်အိုင်၊တာပုံ၊ ၆၈၊ ၄၁ ဘက်တွင်လည်း ပစ်ခတ်နေကြသည်ဟု ဆိုသည်။
လားရှိုးမြို့တွင် ကိုးကန့်တပ်ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်အင်အားစုတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင် ၃ ရက်နေ့ကစတင်ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ မဟာမိတ်တပ်များက လားရှိုးရှိ ခလ၇ (၄၁)တပ် ၊ ခမ၇ ၅၀၇ တပ်နှင့် နမ့်ပေါင် ၂၉၁ တပ်စခန်းမျာကို အပြိုင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု သိ၇သည်။
အလားတူစစ်ကောင်စီသည် ယမန်နေ့က သိန္နီမြို့မဈေးကို လေယာဥ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် SNLD တွဲဖက်အတွင်းရေးမှူးအပါအဝင်ဒေသခံ အများအပြား သေဆုံးခဲ့ရသလို လောက်ကိုင်မြို့ကိုလည်း ယမန်နေ့က ထပ်မံဗုံးကြဲခဲ့သည်ဟု သိရသည်။ Ref: ရွှေဖီမြေ andဓာတ်ပုံ- ကိုးကန့်