Preview

မိုးကုတ်မြို့ အရှေ့ပိုင်း အကျဉ်းထောင်တပ်စခန်းကို သိမ်းပိုက်ရာတွင် ဒရုန်း(၁)စင်းအပါအဝ် လက်နက်ခဲယမ်းများနှင့် ရန်သူ့အလောင်း (၂၀) သိမ်းဆည်းရမိကြောင်း TNLA သတင်းထုတ်ပြန်

ဇူလိုင် ၂၂/ ၂၀၂၄ | ကြည့်ရှုသူ :703
ပြည်တွင်း သတင်း

(နောင်ချို၊မိုးကုတ်မြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွား)

နိရဉ္စရာ၊ဇူလိုင် ၂၂/၂၀၂၄

မန္တလေးတိုင်း၊မိုးကုတ်မြို့ (အရှေ့ပိုင်း) ပန်မထိပ်ရွာအနီးနှင့်အကျဉ်းထောင်ရှိ စစ်ကောင်စီ တပ်စခန်းအားတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟုPSLF/TNA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်းထုတ်ပြန်ချက်ထဲတွင် “တအာင်းပြည်တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ (အရှေ့ပိုင်း)ပန်မထိပ်ရွာအနီးနှင့် အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့ကတိုက်ခိုက် သိမ်းပိုက်ရာတွင်စစ်ကောင်စီ၏ လက်နက်ခဲယမ်းများသိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၂၀)လောင်းရှင်းလင်းနိုင်ခဲ့ကြောင်း”ဖော်ပြထားသည်။

သိမ်းဆည်း၇မိသည့်စစ်ကောင်စီလက်နက်များတွင် လက်နက်ငယ် (၅)လက်၊ ဒရုန်း(၁)စင်းနှင့်အခြားစစ်အသုံးအဆောင်ပစ္စည်းများပါဝင်သည်ဟု ဆိုသည်။


အလားတူ တအာင်းပြည် တပ်မဟာ(၂) နယ်မြေနောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများအားတအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ ဆက်လက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဇူလိုင် (၂၂) ရက် နေ့လည် (၁း၁၁)နာရီအချိန်၌ နောင်ချိုမြို့ နယ် တဲခေါ်ရွာရှိ စစ်ကောင်စီတပ်စခန်းအားထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဟု ဆိုသည်။ 

ထို့ပြင် တပ်မဟာ(၂) နယ်မြေကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နှင့် နမ့်ဆီလင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့အား တအာင်းတပ်မတော် TNLA တပ်ဖွဲ့ကလိုက်လံရှင်းလင်းရာမှတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးဒုတိယတကျော့ ပြန်လည် ဖြစ်ပွားခဲ့သည့်(၂၈)ရက်မြောက်နေ့တွင်  နောင်ချို၊မိုးကုတ်မြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.