Preview

ဘန်ကောက်တွင် ခိုက်ရန်ဖြစ်ပွားရာမှ မြန်မာနိုင်ငံသားတစ်ဦး ဓားထိုးခံရပြီး သေဆုံး

ဇူလိုင် ၂၃/ ၂၀၂၄ | ကြည့်ရှုသူ :1072
ပြည်တွင်း သတင်း

ဂျွန်နသန်၊နိရဉ္စရာ၊ ဇူလိုင် ၂၃/၂၀၂၄

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Happyland Center ရှော့ပင်းမောလ် အနီးတွင် ထိုင်းအမျိုးသားတစ်ဦးက ဓားဖြင့် ထိုးမှုကြောင့် မြန်မာနိုင်ငံသား ဆေးသုတ်သမား တစ်ဦး သေဆုံးသွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။

ဘန်ကောက်မြို့၊ဘန်ကာပီခရိုင် ကလောင်ချန်ခရိုင်ခွဲရှိ Happyland Center ရှော့ပင်းမောလ် အနောက်ဘက်တွင်ဇူလိုင်လ (၂၁)ရက်ညနေပိုင်းက ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် (၃၄) နှစ် အရွယ်မြန်မာနိုင်ငံသား ခွန်ရှင်မွန် သည် ဓါးဖြင့်နှစ်ချက် ထိုးခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြား သည်။

လူသတ်မှုကျူးလွန်ခဲ့သူIssara Sitthikham သည် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးဇူလိုင်(၂၂)ရက်၊ နံနက် ၉ နာရီတွင် သူကိုယ်တိုင်ရဲစခန်းသိုလာရောက်အဖမ်းခံခဲ့ကြောင်းLat Phrao ရဲစခန်းမှ ရဲမှူးကြီးThanapan Padungkar က ပြောဆိုသည်။

လူသတ်မှုကျူးလွန်ခဲ့သည့်Issaraသည်ဆေးခြောက်ရောင်းဝယ်သူတစ်ဦးဖြစ်ပြီး ၄င်းဆိုင်ကယ်မောင်း နေစဥ်အတွင်းခွန်ရှင်မွန်နှင့် သူငယ်ချင်းများ၏ဆိုင်ကယ်သည် ၄င်း၏ ဆိုင်ကယ်ရှေ့မှ ကန့်လန့်ဖြတ် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရဲများက ၄င်းအား စစ်ဆေးမေးမြန်းစဉ်အတွင်း အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

ထိုအချိန်တွင်မြန်မာအမျိုးသားသည်သူ့အားတောင်းပန်ခြင်းမရှိဘဲ စော်စော်ကား ကားပြန်လည် တုန့်ပြန်ပြောဆိုခဲ့သည့်အတွက် ခိုက်ရန်ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း Issara ကရဲတပ်ဖွဲ့ကို ဖြေကြားခဲ့သည်။

လူသတ်မှုကျူးလွန်ခဲ့သည့်Issara သည် ခွန်ရှင်မွန်အား ဘယ်ဘက်လည်ပင်းနှင့် ရင်ဘတ်တို့တွင် ဓားဖြင့်ထိုးခဲ့ကြောင်း၊ဓားဖြင့်ထိုးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာနေရာမှထွက်ပြေးသွားခဲ့ ကြောင်း ဝန်ခံထွက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

လက်ရှိတွင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသူများသည် လူသတ်မှုကျူးလွန်ခဲ့သူ Issara ကိုလူသတ်မှုနှင့် လက်နက်လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုချက် မတင်မီ သက်သေအထောက်အထားများနှင့် သက်သေထွက်ဆိုချက်များကို ထပ်မံစုဆောင်းလျက်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းဖော်ပြချက် အရသိ၇သည်။

Source/Bangkok Post and Photo- worldNomads (ပုံအဖြစ်ဖော်ပြခြင်းသာဖြစ်ပါသည်။)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.