တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

တိုင်ဖွန်းမုန်တိုင်းကြောင့် သင်္ဘောနစ်မြုပ်ပြီး မြန်မာသင်္ဘောသား (၉)ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

(ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ တွင် လူ (၂၅)ဦးသေဆုံး၊(၃၈၀)ဦး ဒဏ်ရာရ)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၂၅/၂၀၂၄

အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းGaemi ကြောင့် ထိုင်ဝမ်ကျွန်း၏ အနောက်တောင်ဘက် ကမ်းလွန် ပင်လယ်ပြင်တွင် မြန်မာ သင်္ဘော (၉)ဦး လိုက်ပါလာသည့် ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပြီး သင်္ဘောသားများ ပျောက်ဆုံးနေကြောင်းသိရသည်။

ယင်းအပြင် ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့ တွင် လူ (၂၅)ဦးသေဆုံးပြီး၊ (၃၈၀)ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ်မီးသတ်ဌာနက ပြောကြားသည်။

မြန်မာ သင်္ဘောသား (၉)ဦး လိုက်ပါလာသည့် တန်ဇန်နီးယားနိုင်ငံအလံလွှင့် ထူထားသည့် ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပြီး သင်္ဘာသားများသင်္ဘော မနစ်မြုပ်ခင်အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီး သင်္ဘာပေါ်မှ ခုန်ဆင်းခဲ့ရကြောင်းပြောဆိုသည်။  

"သူတို့ဟာ ပင်လယ်ထဲ ခုန်ချပြီး အဲဒီမှာ ပင်လယ်ရေနဲ့ မျောပါသွားတယ်” ဟု ထိုင်၀မ် မီးသတ် ဌာနမှ အကြီးအကဲဖြစ်သူ Hsiao Huan-chang က ပြောကြားသည်။

ကယ်ဆယ်ရေး သမားများသည် ၎င်းတို့ကို ကူညီရန် အနီးနားရှိ ထိုင်ဝမ် ကုန်တင် သင်္ဘောကို ဆက်သွယ်ခဲ့ကြောင်း ထိုင်ဝမ်တောင်ပိုင်း Kaohsiung မြို့ကနေ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ ထွက်ခွာလာပြီး သင်္ဘောနစ်မြုပ်သွားသည့်နေရာဆီဇူလိုင်(၂၅)ရက် နေ့လည် (၃)နာရီခွဲတွင် ရောက်ရှိလာခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ အဆိုပါနေရာဆီ ရောက်ရှိလာစဥ် မြင်ကွင်း ကောင်းမွန်မှုမရှိခြင်းနှင့် လေတိုက်နှုန်း အလွန်ပြင်းထန်နေသည့်အတွက် ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အတွက်လတ်တလော မဖြစ်နိုင်သေးကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုအခါအဆိုပါ သင်္ဘောသားများမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲအပြီးတွင် ထိုင်၀မ် မီးသတ် ဌာနမှ အခြားအရာရှိတစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းGaemi ၏ အရှိန်ကြောင့်ဖိလစ်ပိုင်တွင်ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် (၂၂)ဦးထိမြင့်တက်လာပြီး၊ အနည်းဆုံး လူ (၃)ဦး ပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောကြားသည်။

ဖိလစ်ပိုင်မြို့တော်၀န်းကျင်ရှိ လူနေထူထပ်သောဒေသတွင် မိုးရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးပြီးနောက် အစိုးရရုံးများနှင့် စာသင်ကျောင်း များကို ပိတ်ထားရ သည်ဟုဆိုသည်။

ထိုင်ဝမ် တွင်လည်း လူ(၃)ဦး သေဆုံးခဲ့ပြီး လူ (၃၈၀) ဒဏ်ရာရရှိခဲ့ကြောင်း၊ရုံးများနှင့် ကျောင်းများကို ဆက်လက် ပိတ်ထားရပြီး ဒေသခံများကို ကမ်းရိုးတန်းနှင့် ဝေးရာတွင် နေထိုင်ကြရန် တိုက်တွန်းထားသည်။

မုန်တိုင်းမတိုက်မီဇူလိုင်လ(၂၄)ရက်က လူ(၂)ဦးသေဆုံးခဲ့ပြီး ယင်းနေ့ သန်းခေါင်ယံအချိန်ခန့်တွင် မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့သည်။ ဇူလိုင်လ(၂၅)ရက်၊ မွန်းလွဲပိုင်းတွင် မြေပြိုကျမှုကြောင့် အသက်(၇၈) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ၊ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းတွင် လေတပ်လေ့ကျင့်မှုများကိုလည်း ဖျက်သိမ်းခဲ့ရ ကြောင်း ထိုင်ဝမ်ဗဟိုသတင်းအေဂျင်စီက ပြောကြားခဲ့သည်။

အားပြင်းတိုင်ဖွန်းမုန်တိုင်းGaemi သည် ဖိလစ်ပိုင်နှင့်ထိုင်ဝမ်ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသ သို့ဆက်လက်ဖြတ်ကျော် ဝင်ရောက်မည်ဟုဆိုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် တိုင်ဖွန်းမုန်တိုင်း Gaemi ချဉ်းကပ်လာသဖြင့် ဇူလိုင် (၂၅)ရက် နံနက်ပိုင်းအချိန်ထိ ဒေသခံ ၁၅၆,၈၀၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်ဟုတရုတ်ဆင်ဟွာသတင်းကဖော်ပြသည်။

ယင်းပြည်နယ်၏ ကမ်းရိုးတန်းတစ်လျှောက်ရှိ ခရီးသည်တင်ရေယာဉ်လမ်းကြောင်း (၇၃) ခုကို ဆိုင်းငံ့ထားရပြီး လေကြောင်းခရီးစဉ် (၉၇)ခုကိုလည်း ပယ်ဖျက်ထားရကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

Source/Telegraph India /AFP/XINHUA and Photo/AFP and Taiwan coast guard

 

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!