မောင်စာဂ၊နိရဥ္စရာ၊ သြဂုတ် ၄/၂၀၂၄
စစ်ကောင်စီကဆေးရုံများကို ပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်မှုများ
စစ်ကောင်စီကနိုင်ငံတဝန်း ဆေးရုံများနှင့်အရပ်သားနေအိမ်များကို လေကြောင်းက တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကြော
အဆိုပါထုတ်ပြန်ချက်တွင်စစ်ကောင်စီသည် ဩဂုတ်လ(၁) ရက်၊ ည ၁၁ နာရီခွဲခန့်တွင် စစ်မြေပြင်မဟုတ်သော လောက်ကိုင်မြို့တော်၊တုန်းချိန်မြို့ကို လေကြောင်းဖြင့် Heavyweight ဗုံးသီး(၄) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၂) လုံးမှာ အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် ဘေးရှိအဆောက်အအုံများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်(၂) လုံးမှာ Fully Light ဟိုတယ်အနီးရှိအရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟုဖော်ပြထားသည်။
ထို့နောက်နာရီပိုင်းအကြာ ဩဂုတ်လ (၂) ရက်၊ညဥ့် ၁ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ရိုးယွမ်ကျည်ရွာသို့ ဗုံးသီး (၁ရ) လုံးဖြင့်ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထူးဒေသ(၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ လုံခြုံရေးဝန်ထမ်း (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီးဆေးရုံတက်နေသော လူနာ (၂) ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာအသေးစားဒဏ်ရာရရှိသူများလည်း အမြောက်အမြား ရှိခဲ့သည်ဟု သိရသည်။
ထို့ပြင်အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီး ဆုံးရှုံးခဲ့၇သည်ဟုNUG ထုတ်ပြန်ချက်ကဆိုသည်။
အလားတူစစ်ကောင်စီသည် ဇူလိုင်လ (၁၀) ရက်ကလည်းစစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်ကုန်းကျေးရွာရှိကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်လူနာများကို ဆေးကုသမှုပေးနေသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement CDM) ပြုလုပ်ထားသူ သားဖွားဆရာမ (၁) ဦး၊ လူနာနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော်(၆) ဦး၊ စုစုပေါင်း (ရ)ဦး ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။
ထို့ပြင်ပြည်သူ (ရ) ဦးနှင့် PDF ရဲဘော်(၉) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အအုံမှာလည်း များစွာထိခိုက်ပျက်စီးခဲ့ကာ သားဖွားဆရာမ၏ တစ်နှစ်ခွဲအရွယ်ကလေးငယ်မှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီသည် ဇူလိုင်လ (၁၅) ရက်ကလည်း ရက္ခိုင်ပြည်၊ သံတွဲမြို့အတွင်းရှိခရိုင်ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဆေးရုံအဆောင်များ ပျက်စီးထိခိုက်မှုများပြားခဲ့ကြောင်းဆက်လက်ဖော်ပြထားသည်။
စစ်ကောင်စီကယခုကဲ့သို့ ဆေးရုံဆေးခန်းများနှင့်ကျန်းမာရေးကဏ္ဍအပေါ် တမင် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည်ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည်ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုသက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာလက်တွဲရပ်တည်လျက်ရှိပြီးအကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်"ဟုထုတ်ပြန်ချက်တွင် ဖော်ပြသည်။
NUG ၏ ကျန်းမာရေးဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များအတွက်တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့်၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်၊ ညဥ့်၁၂ နာရီခွဲခန့်က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်အပြီး ယင်းနေ့နံနက်က တွေ့၇စဥ်။(Photo-CJ)